Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာကိုအမေရိကန်တိုက်တွန်း

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်

စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ အမည်ခံရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြင်းပယ်ကြဖို့ ဒီနေ့မှာကျရောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့မှာ အမေရိကန် အစိုးရက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ ဟန်ပြရွေးကောက်ပွဲ တစ်ရပ် စီစဉ်နေပြီး အဲဒီရွေးကောက်ပွဲဟာ လက်ရှိ အနေအထားအရ လွတ်လပ်ပြီးတရားမျှတမှုရှိဖို့မဖြစ်နိုင်ဘူးလို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောပါတယ်။

ဒါအပြင် အကြမ်းဖက်မှုတွေ ပိုဖြစ်ပွားလာဖို့တွန်းအားဖြစ်လာမှာဖြစ်ပြီး ၊အကြပ်အတည်းကို ပိုမိုကြာစေမှာဖြစ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေလိမ့်မယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

ဒါကြောင့်စစ်အာဏာရှင်အဖွဲ့အစည်းနဲ့ သူတို့ရဲ့အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုအမေရိကန်အစိုးရက တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ပြီးနောက် ဒီမိုကရေစီလိုလားသူခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံဖို့ကိုလည်း တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လူထုဟာ သူတို့ရဲ့ ဒီမိုကရေစီသံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့အမေရိကန်အစိုးရက ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တစ်ခုဟာ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့ပါတယ်။

ဓာတ်ပုံ− AFP

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။