Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်ပျားကျေးရွာကိုစစ်ကောင်စီတပ် မီးရှို့ ၍ပြည်သူများထွက်ပြေးနေရ

တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

(စစ်တပ်ကမီးရှို့၍ပျား​ကျေးရွာမီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)
(စစ်တပ်ကမီးရှို့၍ပျား​ကျေးရွာမီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ညပိုင်း၌ အကြမ်းဖက်ပြီး မီးရှို့နေသဖြင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ဖမ်းဆီးခံရကြောင်း ဒေသခံက ပြောသည်။

“အဲဒီနားမှာ ညနေ ၄နာရီလောက်ကတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက အကြီးအကျယ်တော့ မဟုတ်ပါဘူး။ တိုက်ပွဲတော့ ဖြစ်တယ်။ တိုက်ပွဲပြီးတော့ ရွာထဲဝင်လာပြီး ရှို့တာပဲ။ ပျားရွာက ရွာက ကြီးတယ်။ ရှေးဟောင်း လှိုင်ဂူတို့ ရှေးဟောင်းဘုရားတို့ရှိတယ်။ ပျားက နွားထိုးကြီးနဲ့ပိုနီးတယ်။ မြင်းခြံနဲ့ဝေးတယ်။ နွားထိုးကြီးနဲ့ မြင်ခြံကြားမှာပေါ့”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ရွာသားအချို့ အဖမ်းခံရတယ်ပြောတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကအထိ လောင်နေတုန်းပဲ။ ရွာထထထဲတော့ ဝင်လို့မရသေးဘူး” ဒေသခံက ယနေ့ နိုဝင်ဘာ ၈ရက်ည ၇နာရီခွဲခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ပျားကျေးရွာမီးရှို့ခံရမှု ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့ရာ ယနေ့ ညနေ ၆နာရီခန့်တွင် ပျားရွာ စာသင်ကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များက ရွာအရှေ့ပိုင်းက နေအိမ်များကို မီးရှို့ခဲ့ကြောင်းဖော်ပြသည်။ ရွာသူရွာသားများ ထွက်ပြေးနေရ၍အခြေအနေ အသေးစိတ် မသိရသေးဟုအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။