Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ်ပျားကျေးရွာကိုစစ်ကောင်စီတပ် မီးရှို့ ၍ပြည်သူများထွက်ပြေးနေရ

တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

(စစ်တပ်ကမီးရှို့၍ပျား​ကျေးရွာမီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)
(စစ်တပ်ကမီးရှို့၍ပျား​ကျေးရွာမီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ညပိုင်း၌ အကြမ်းဖက်ပြီး မီးရှို့နေသဖြင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ဖမ်းဆီးခံရကြောင်း ဒေသခံက ပြောသည်။

“အဲဒီနားမှာ ညနေ ၄နာရီလောက်ကတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက အကြီးအကျယ်တော့ မဟုတ်ပါဘူး။ တိုက်ပွဲတော့ ဖြစ်တယ်။ တိုက်ပွဲပြီးတော့ ရွာထဲဝင်လာပြီး ရှို့တာပဲ။ ပျားရွာက ရွာက ကြီးတယ်။ ရှေးဟောင်း လှိုင်ဂူတို့ ရှေးဟောင်းဘုရားတို့ရှိတယ်။ ပျားက နွားထိုးကြီးနဲ့ပိုနီးတယ်။ မြင်းခြံနဲ့ဝေးတယ်။ နွားထိုးကြီးနဲ့ မြင်ခြံကြားမှာပေါ့”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ရွာကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။ ယခင်က စစ်ကောင်စီတပ်အနေဖြင့် မြင်းခြံမြို့နယ်တွင် နေ့အိမ် အချို့ကို မီးရှို့ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ရွာကို ပစ်မှတ်ထားပြီး မီးရှို့ခြင်းမှာ ပျားကျေးရွာသည် ပထမဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ရွာသားအချို့ အဖမ်းခံရတယ်ပြောတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကအထိ လောင်နေတုန်းပဲ။ ရွာထထထဲတော့ ဝင်လို့မရသေးဘူး” ဒေသခံက ယနေ့ နိုဝင်ဘာ ၈ရက်ည ၇နာရီခွဲခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ပျားကျေးရွာမီးရှို့ခံရမှု ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့ရာ ယနေ့ ညနေ ၆နာရီခန့်တွင် ပျားရွာ စာသင်ကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များက ရွာအရှေ့ပိုင်းက နေအိမ်များကို မီးရှို့ခဲ့ကြောင်းဖော်ပြသည်။ ရွာသူရွာသားများ ထွက်ပြေးနေရ၍အခြေအနေ အသေးစိတ် မသိရသေးဟုအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။