Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ တပ်မအားလုံးရှေ့တန်းစစ်မျက်နှာပြင်တွင် ဖြန့်ကျက်ထား

လက်ရှိတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်ရုံးတပ်ဖွဲ့များဖြင့်သာ နောက်တန်းလုံခြုံရေးယူထားရသည်ဟု ၎င်းတို့က ဆိုသည်။

(နေပြည်တော် တစ်နေရာတွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - အေအက်ပီ)
(နေပြည်တော် တစ်နေရာတွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - အေအက်ပီ)

▪️နှစ်ကုန်ပိုင်းတွင် ထိုးစစ်အရှိန်ပိုမြှင့်လာနိုင်ဟုဆို

စစ်ကောင်စီလက်အောက်ခံ တပ်မအားလုံးရှေ့တန်းစစ်မျက်နှာပြင်တွင် ဖြန့်ကျက်ထားပြီးယခုနှစ်ကုန်ပိုင်းတွင် ထိုးစစ်အရှိန်ပိုမြှင့်လာနိုင် ကြောင်း တပ်တွင်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်ရုံးတပ်ဖွဲ့များဖြင့်သာ နောက်တန်းလုံခြုံရေးယူထားရသည်ဟု ၎င်းတို့က ဆိုသည်။

“မုံးကိုး ဘက်မှာဆိုသုံးနှစ် နီးပါးရှိတဲ့အထိ တပ်မ (၉၉)ရဲ့ တပ်ရင်းတွေအားလုံး နီးပါးအထိုင်ချထားတယ်။နောက်ပြီး တပ်မ(၇၇)ရဲ့ အင်းတိုင်ကတပ်တွေကိုပါ မုံးကိုးကိုထိုးစစ်ဆင်ဖို့ လုပ်ပေမယ့်မရလို့ အရင်သုံးလေးလောက်က တပ်မ (၇၇)တပ်တွေ ပြန်ဆင်းလာတယ်။အခု ရှမ်းဘက်ကို ဒီလကုန် သွားရမှာ”ဟု တပ်တွင်း သတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement
Public Service Announcement

အလားတူ ကရင်နီ(ကယား)ပြည်နယ်တွင်လည်း ယခုလ (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီ၏ ကြီးမားသည့် ထိုးစစ်ဆင်မှုများရှိလာလိမ့်မည်ဟုလည်း သီးခြားသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“အခု ကရင်နီထဲကို ထိုးစစ်ဆင်နေတဲ့ တပ်မ(၆၆)ကို ကူဖို့ တပ်မ(၅၅)ပါလာဖို့ရှိတယ်။ ၅၅က အရင် ၂၀၁၆ လောက်က ကရင်နီထဲမှာ စစ်ရေးဝင် ဖူးခဲ့တာမျိုးလည်းရှိထားဖူးတယ်”ဟု ၎င်းက အတည်ပြုသည်။

ယခုကဲ့သို့ စစ်ရေးအရှိန်မြှင့်ရသည့် အကြောင်း ပြချက်သည် ၂၀၂၃တွင် ရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးကို စစ်ကောင်စီက ရည်မှန်းနေခြင်းဟု ၎င်းတို့က ဆိုသည်။

“ရန်ကုန်၊မန္တလေး အပါအဝင် ပြည်နယ်နဲ့တိုင်းက မြို့ကြီးတွေကို အလုံးစုံထိန်းချုပ်နိုင်ဖို့က အရေး ကြီးနေတာကို။ဒါကို မဖြစ်မနေ လုပ်လိမ့်မယ်။ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး စစ်တိုင်းမှူးတွေ နေရာအပြောင်းအလဲ လုပ်ခဲ့တာလည်းပါတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

“စခ တွေဘက်ကတော့ သူတို့လုပ်စရာရှိတာ လုပ်နေမှာပဲ။တစ်ခုရှိတာ ပြည်သူတွေကို အခြေ ပြုပြီး ရပ်တည်နေရတဲ့ ကျွန်တော်တို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရေရှည်ရင်ဆိုင်နိုင်စွမ်းကလည်း အာဏာရှင်တော်လှန်စိတ်ရှိတဲ့ ပြည်သူတွေအား အရမ်းလိုအပ်ပါတယ်။ပြောရမယ်ဆို စစ်တပ်ရဲ့ မတရားအာဏာသိမ်းခါစ ကာ လ က စိတ်ဓာတ်တွေ ပြန်လိုပါတယ်။ဒီနှစ်ကုန် တိုက်ပွဲတွေက အဆုံး အဖြတ် ဖြစ်လာနိုင်တယ်”ဟု အရှိန်မြင့်လာသည့် စစ်ကောင်စီ၏ ထိုးစစ်အပေါ် မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက သုံးသပ်သည်။

မြေပြင်တိုက်ပွဲအချက်အလက်များအရ တပ်မ (၈၈)မှာ ကချင်ပြည်နယ်၊ တပ်မ (၂၂)ရခိုင်ပြည် နယ်၊တပ်မ (၄၄)မှာ ကရင်ပြည်နယ်၊ တပ်မ (၁၁)၊ (၇၇)နှင့် (၁၀၁)တို့သည် စစ်ကိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အဓိကထားထိုးစစ်ဆင်နေပြီး အချို့ပြည်နယ်များတွင် တပ်မများပူးတွဲစစ်ဆင်ရေးလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။