Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် လေကြောင်း တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်မှ နံနက်ခုနှစ်နာရီမှ ကိုးနာရီကျော်အထိ တိုက်လေယာဉ်သုံးစီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ညောင်လေးပင်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် လေကြောင်း တိုက်ခိုက်
ညောင်လေးပင်တွင် တိုက်လေယာဉ် ၃ စင်းဖြင့် လေကြောင်း တိုက်ခိုက်

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် ယနေ့ နံနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊ တပ်ရင်း(၃၇၀၂) ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ(၁၂)ရက် နံနက်လေးနာရီအချိန်ကစပြီး KNLA တပ်မဟာ(၃) တပ်ရင်း(၉)၊ တပ်ရင်း(၇)နယ်တွင်ရှိသော စစ်ကောင်စီတပ်၏ ဘောကထာ၊ တုံးတံတား၊ သံဆိပ်စစ်ကောင်စီစခန်းများအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု BPDF-Yoma က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်မှ နံနက်ခုနှစ်နာရီမှ ကိုးနာရီကျော်အထိ တိုက်လေယာဉ်သုံးစီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook