Connect with us

Hi, what are you looking for?

သတင်း

KNUကစစ်ကောင်စီတပ်စခန်း (၃)ခုအားတိုက်ခိုက်သိမ်းပိုက်ရာစစ်သား ၁၁ဦး​သေပြီး လက်နက်မျိုးစုံ ၁၈ လက်နှင့် ကျည်​ဆံထောင်ချီသိမ်းဆည်းရ

အကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၇) နှင့် တပ်ရင်း (၉) တို့ပူးပေါင်း၍စစ်ကောင်စီ၏ သံဆိပ်စခန်း၊ဘောကထာ နှင့် တုံးတံတာစခန်းတို့အား နိုဝင်ဘာ ၁၂ ရက် နံနက်အ​စောပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား ၁၁ ဦး​သေဆုံးပြီး လက်နက်မျိုးစုံ ​သေနတ်မျိုးစုံ ၁၈ လက်နှင့်ကျည်ဆံမျိုးစုံ ​ထောင်နှင့်ချီ သိမ်းဆည်းနိုင်ခဲ့​ကြောင်းKNU ကထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်စခန်း ၃ ခုအား နိုဝင်ဘာလ (၁၂) ရက် နံနက် (၄) နာရီ အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ခွဲအချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့သည်။သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့အားKNLA၏ မြေပြင်တက်ဖွဲ့ များကတိုက်ခိုက်ခြေမှုန်ခဲ့ပြီး တုံးတံတာစခန်းကိုKNLA၏ တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

ဘောကထာစခန်း တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးသူများခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)
(စစ်ကာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNU)

စစ်ကောင်စီတပ်စခန်းများမှ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့အား KNLAကသိမ်းဆည်းရမိခဲ​ကြောင်းအသိ​ပေးထားသည်။

စခန်းများအား ရှင်းလင်းစဉ်အချိန်အတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် (၂၀) ခန့် တိုက်ခိုက်ခဲ့ပြီး ထိုသို့တိုက်ခိုက်​သောကြောင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိဟု​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင့်ဖြင့် (၁၀) ကြိမ်ခန့် ကျေးရွာများအတွင်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်းလည်းသိရသည်။ နိုဝင်ဘာလ (၁၃) ရက် တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ ပြည်သူလူထု များအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့သည်ဟုKNUကထုတ်ပြန်သည်။

ထိုသို့ပြည်သူလူထုများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထုများထိခိုက်ဒဏ်ရာရမှုများ နှင့် ပြည်သူလူထုများ၏ အိုအိမ်အဆောက်အဦးများထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမှု စီစစ် အတည်ပြုနေဆဲဖြစ်သည်။ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုအားပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာမှ ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများအား အခက်အခဲပေါင်း များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

KNU တပ်မဟာ (၃) နယ်မြေများတွင်အာဏာသိမ်းမှုဖြစ်ပွားပြီးသည့်နောက်တွင် တိုက်ပွဲကြီးတိုက်ပွဲငယ် များ အစဉ်မပြတ် ဖြစ်ပွားလျက်ရှိရာ မြေပြင်တိုက်ပွဲပေါင်း (၃၈၂) ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ (၄၈၀) ဦးခန့်သေဆုံးပြီး (၂၂၀) ဦး ဒဏ်ရာရရှိခဲ့သည်။၂၀၂၂ ခုနှစ် ​မေ ၄ ရက်မှစ၍ KNLA) ကတိုက်ခိုက်ရေးသုံး Drone များဖြင့် လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း (၆၄) ကြိမ်ပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၇၀) ဦးသေဆုံးခဲ့ပြီး (၄၆) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုအား ကရင်ဒေသ အပြင် အခြားဒေသများ၌လည်း ဆက်လက် ဖြစ်ပေါ်လာလိမ့်မည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

“နေရာအနှံ့မှာတော့ အရှိန်မြှင့်သွားမှာပါ” ဟု ၎င်းက​ပြောသည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်တပ်မဟာ (၃) နယ်မြေအတွင်း KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ကအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း (၇) လုံးအား တိုက်ခိုက်ဖျက်ဆီး ခဲ့ပြီးဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။