Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်ရှိ တပ်စခန်းသုံးခု တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှသေဆုံးမှုရှိ၊ လက်နက်ခဲယမ်းများရဟု ဒေသခံပြော

ညောင်လေးပင်ခရိုင်ရှိ ဘောကထာစခန်း၊ တုံးတံတား စခန်း၊ သံဆိပ်စခန်းကို နိုဝင်ဘာ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ သုံးခုစလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက ယနေ့တွင် အတည်ပြုပြောကြားသည်။

(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Karen History)
(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Karen History)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်က ယမန်နေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း ဒေသတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ညောင်လေးပင်ခရိုင်ရှိ ဘောကထာစခန်း၊ တုံးတံတား စခန်း၊ သံဆိပ်စခန်းကို နိုဝင်ဘာ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ သုံးခုစလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက ယနေ့တွင် အတည်ပြုပြောကြားသည်။

(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Karen History)
(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – Karen History)

တပ်စခန်း သုံးခုအနက် ဘောကထာစခန်း တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးသူများပြားခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ဘောကထာစခန်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုရှိသကဲ့သို့ KNLA ပူးပေါင်းတပ်မှလည်း ကျဆုံး၊ ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု ပြောသည်။ အသေးစိတ်အခြေအနေများကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Karen History)
(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – Karen History)

ထို့ပြင် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုအား ကရင်ဒေသ အပြင် အခြားဒေသများ၌လည်း ဆက်လက် ဖြစ်ပေါ်လာလိမ့်မည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

“နေရာအနှံ့မှာတော့ အရှိန်မြှင့်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေတွင် စစ်ကောင်စီတပ်က လူထုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နိုင်ကြောင်း KNU သတင်းရင်းမြစ်က သတိပေးသည်။

(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Karen History)
(စခန်းသိမ်းတိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – Karen History)

KNU တပ်မဟာ(၃)နယ်မြေ၌ ဖြစ်ပွားခဲ့သည့် စခန်းသိမ်း တိုက်ပွဲများနှင့်ပတ်သက်ပြီး KNUက တရာဝင် သတင်းထုတ်ပြန်ခြင်းမပြုသေးပေ။ သို့ရာတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့မှုနှင့် စခန်းသိမ်းတိုက်ပွဲအပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ အောင်ပွဲခံနေမှု ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်း အချို့အား ကရင်သတင်းရင်းမြစ် အချို့က လူမှုကွန်ရက်၌ ဖော်ပြထားသည်။

ယခု စခန်းသိမ်းတိုက်ခိုက်မှုတွင် KNU တပ်မဟာ (၃) တပ်ဖွဲ့ဝင်များအပြင် နယ်မြေချင်း ဆက်စပ် နေသည့် KNU တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။