Connect with us

Hi, what are you looking for?

News

ပြင်သစ်ဓာတ်ပုံပြပွဲမှာ နွေဦးတော်လှန်ရေးပုံတွေနဲ့မြန်မာဓာတ်ပုံဆရာ ပထမဆုရရှိ

လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာဟာ ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာဓာတ်ပုံဆရာတစ်ယောက်ဟာ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ သတင်းဓာတ်ပုံပညာရဲ့ အကြီးဆုံးနှစ်ပတ် လည်ပွဲတော်မှာ မြန်မာ့ဒီမိုကရေစီအရေးဆန္ဒပြသူတွေနဲ့ စစ်တပ်ရဲ့သွေးထွက်သံယိုဖြိုခွင်းမှုကို မှတ်တမ်းရယူထားတဲ့ ဓာတ်ပုံတွေနဲ့ မနေ့က ပထမဆုရရှိခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာဓာတ်ပုံဆရာဟာ ပြင်သစ်တောင်ပိုင်း Perpignan မှာ ကျင်းပတဲ့ Visa Pour L’Image ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်တဲ့ Visa d’Or for News ကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဆုကို ဆုရှင်မြန်မာဓာတ်ပုံဆရာကိုယ်စား The New York Times ရဲ့ အာရှဆိုင်ရာဓာတ်ပုံအယ်ဒီတာ Mikko Takkunen က လက်ခံရယူခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းချိန် ဖေဖော်ဝါရီ ၁ ရက်စလို့ နေ့စဉ်နီးပါး ဆန္ဒပြမှုတွေနဲ့ ကြီးမားတဲ့အာဏာဖီ ဆန်ရေးလှုပ်ရှားမှု(CDM)နဲ့အတူ ကမောက်ကမဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

“သူ(မြန်မာဓာတ်ပုံဆရာ)က နိုင်ငံရဲ့ အထက်မြတ်ဆုံးဓာတ်ပုံဆရာဖြစ်နိုင်ပါတယ်။ ဒီဆုကို ရရှိတာကြောင့် သူ တော်တော်ကြီးပျော်ရွှင်ဂုဏ်ယူမှာပါ” လို့ ကိုယ်စားဆုလက်ခံယူပေးတဲ့ Takkunen က ပြောပါတယ်။

မြန်မာဓာတ်ပုံဆရာက အလွန်ခက်ခဲတဲ့အခြေအနေအောက်မှာ အလုပ်လုပ်နေကြတဲ့ သူ့နိုင်ငံက လုပ်ဖော်ကိုင်ဖက် တွေအတွက် ဒီဆုကို ရည်စူးတယ်လို့ Takkunen က ဆက်ပြောပါတယ်။

မြန်မာဓာတ်ပုံဆရာရဲ့ ဓာတ်ပုံတွေဟာ ကျောက်ခဲတွေကိုင်ဆောင်ထားတဲ့ အရပ်သားဆန္ဒပြသူတွေ၊ ကျည်ဆန် အစစ်တွေနဲ့ပစ်ခတ်နေတဲ့ စစ်သားတွေနဲ့ သေဆုံးသွားတဲ့ဝမ်းနည်းသောကရောက်နေတဲ့မိသားစုတွေကို မှတ်တမ်း တင်ရိုက်ကူးထားတာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ဖြိုခွင်းသတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၇ လကျော်အတွင်းပြည်သူ တစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

ကိုးကား – Dailymail

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook