Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၃ရက်က လွိုင် ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်။

ဓာတ်ပုံ - Karenni's Voice
ဓာတ်ပုံ - Karenni's Voice

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲပြီး (၅)နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆိုက ယနေ့ ထုတ်ပြန်သည်။

မည်သည့်တိုက်ပွဲမျှဖြစ်ပွားမှုမရှိဘဲ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ်(၁၀၂) မှ ရည်ရွယ်ချက်ရှိရှိ(၁၂၀)မမ ဖြင့် (၉) ကြိမ်ထက်မနည်း ပစ်ခတ်ရာ ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) ညနေ ၆ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်း တစ်နေရာတွင် (၅) လုံးကျရောက်ပေါက်ကွဲမူကြောင့် မိသားစုဝင် (၉)ဦး နေထိုင်သော နေအိမ်တစ်လုံးကို ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

(၅)နှစ်သားအရွယ် ကလေးငယ်တစ်ဦး‌နေရာတင် ပွဲချင်းသေဆုံးပြီးကျန်မိသားစုဝင် (၈)ဦးဒဏ်ရာ အသီးသီးရရှိကာ တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာဖြင့် အရေးပေါ်ဆေးကုသလျက်ရှိသည်ဟု ဆိုသည်။

“ဆုံးသွားတဲ့ကလေးက မိန်းကလေးပါ။နောက်ဒဏ်ရာရတဲ့သူတွေထဲမှာ လသားအရွယ်ကလေး လေးလည်းပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Karenni's Voice
ဓာတ်ပုံ – Karenni’s Voice

ထို့အပြင် စစ်ရှောင်ပြည်သူများလာရောက်နေထိုင်သည့် ကျေးရွာတစ်ရွာတွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ်တစ်ချို့ ပျက်စီးမှုများရှိခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်များသည် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လက်နက်ကြီးများဖြင့် ဘာသာရေးအဆောက်အဦး၊စစ်ရှောင်စခန်း၊ ပြည်သူများရှိရပ်ကွက်၊ ကျေးရွာများအားပစ်မှတ်ထား၍ ပစ်ခတ်နေဆဲဖြစ်သည်၊၊

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၃ရက်က လွိုင် ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်။

ထို့အပြင် ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သား ၂၀ကျော်ရှိနေသည်။

မြေပြင်တိုက်ပွဲများ၌ အထိနာလျှက်ရှိသော စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် အဝေးပစ်အမြောက်များအသုံးပြုကာလူနေ ကျေးရွာရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူ လူထုအားအကြောက်တရားသွင်းကာထိန်းချုပ်ရန်ကြိုးစားနေခြင်းဟု KNDFက သုံး သပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။