Connect with us

Hi, what are you looking for?

သတင်း

က​လေး-တမူးလမ်းကို တစ်ပါတ်အတွင်းလုံးဝအသုံးမပြုရန် PDF သတိ​ပေး

စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အ​သေးစိပ်ကိုမူ မ​ပြောလို​သေးဟုဆက်​ပြောသည်။

က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-က​​လေး(PDF)
က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-က​​လေး(PDF)

ကလေး-တမူးလမ်းမကြီးအားယနေ့မှစ၍ (၇) ရက်အတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် People’s Defence Force (Kalay) က ထပ်မံ၍ သတိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အ​သေးစိပ်ကိုမူ မ​ပြောလို​သေးဟုဆက်​ပြောသည်။

“ကလေးမြို့နယ်အတွင်းလက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ထပ်မံ၍ ယခု ရက်သတ္တပတ် (၇) ရက်အတွင်း အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် မေတ္တာရပ်ခံထပ်မံသတိပေးအပ်ပါသည်။ သတိပေးချက်ကိုမလိုက်နာဘဲဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များနှင့်နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုစေလိုပါသည်” ဟု က​လေးPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တမူး-က​လေးလမ်းကို နိုဝင်ဘာ ၁၃ မှစ၍ ၁၉ အထိပထမတစ်ပါတ်ပိတ်ခဲ့ရာမှ ယခုတစ်ပါတ်ထပ်ပိတ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကား ၁၄ စီးခန့်ဖြင့်အိန္ဒိယနိုင်ငံ နယ်စပ်မှတစ်ဆင့် စစ်လက်နက်ပစ္စည်းများကို တမူးမြို့ ထိုမှကလေးမြို့ကို သယ်ဆောင်​နေခြင်းဖြစ်​ကြောင်း PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

“ရဟတ်ယာဉ်နဲ့သယ်လို့မနိုင်တဲ့ပစ္စည်းတွေ(စစ်လက်နက်)လို့ထင်မြင်ယူဆရပါတယ်ဗျ”ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက အိန္ဒိယမှစစ်လက်နက်ပစ္စည်းများကို ကလေးမြို့ကို သယ်ယူရန် အရပ်သားကားများကို ဖမ်းဆီးပြီး သယ်ယူနေခြင်းဖြစ်သည်။

လက်ရှိတွင်စစ်ကောင်စီတပ်သည် တမူးမြို့နယ်အတွင်းရှိ ဝိတုတ်ရွာအနီးကို ရောက်ရှိနေပြီဖြစ်သည်ဟု PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်းသယ်ယူရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကတားဆီးနိုင်ရန် ကြိုးစားနေသည်။ထို​ကြောင့် တမူး-က​လေး လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့