Connect with us

Hi, what are you looking for?

သတင်း

ကလေး-တမူးလမ်းတွင်စစ်ကောင်စီတပ်ကိုPDFများတိုက်ခိုက်

လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDFKalay)
(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDFKalay)

▪︎စစ်​ကောင်စီတပ်ကပုံမှန်လမ်း​ကြောင်းမှမလာဘဲ ​တောလမ်း၊​​တောင်လမ်းမှ​ပြောင်းလာ​​နေ

ကလေး-တမူးလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကိုPDF(ကလေး)တပ်ရင်းသုံးခုက တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF(ကလေး) တပ်ရင်း (၃)မှတာဝန်ရှိသူကပြာသည်။

ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က ကားကြီး ၂စီးအပါအဝင် ခြေလျင်စစ်ကြောင်းများက စစ်အင်အား ၇၀ခန့်ဖြင့် ကလေးမြို့ကို ဦးတည်လာစဉ် အောက်တိုဘာ ၁၇ ရက်မနက် ၇နာရီခွဲခန့်က PDF(ကလေး)က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကလေး-တမူးလမ်းပိုင်း ၅၅ မိုင် အကျဉ်းစခန်းမှနံနက် ၆နာရီခန့်တွင် စတင်ထွက်လာပြီးကံလှရွာအနီးတွင် နံနက်၇နာရီခွဲ၌ PDF(ကလေး) တပ်ရင်းများကမိနစ် ၂၀ ကြာ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီတပ်၏ နောက်ချန် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များက အောက်တိုဘာ ၁၇ ရက် နံနက် ၁၀နာရီခန့်က မြလေးတောင် ဘုရားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

PDF(ကလေး)ဘက်မှ တဦးမှာ လက်နက်ကြီး ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။ PDF(ကလေး) တပ်ရင်း (၃) ၊ တပ်ရင်း (၈) နှင့် တပ်ရင်း (၁၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တမူးဘက်ကနေ လာတဲ့စခတွေလို့ယူဆရပါတယ်။စခတွေ(စစ်ကောင်စီတပ်)ကဝိတုတ်ရွာကိုလည်းရောက်ခဲ့သေးတယ် ပြီးမှ ကံအောင်ရွာကိုရောက်လာတယ် ”ဟု PDF(ကလေး) တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးကစစ်​ကောင်စီတပ် စစ်​ကြောင်းထိုးလာပုံကိုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည်ယခုအခါ ကလေးမြို့ကိုရောက်ရှိနေပြီဟုလည်း ၎င်းကဆက်​ပြောသည်။

“တမူးဘက်ကနေလို ယူဆရတဲ့ စခ(စစ်ကောင်စီတပ်သား) ၅၀ ‌ဝန်းကျင် မနေ့ညက ရာဇဂြိုလ်ဆည်မြောင်းနားက ရာဘာခြံမှာ ရောက်နေတယ်လို သတင်းရထားပါတယ်ဗျ။ အဲ့နေရာ မတိုင်ခင် နေရာတစ်ခုကိုလည်း ရောက်သေးတယ်လို ကြားမိလိုက်သေးတယ်ဗျ။စခတွေကပုံမှန်မဟုတ်တဲ့ တောလမ်း တောင်လမ်းတွေကနေရောက်လာတယ်ဗျ”ဟုအဆိုပါတာဝန်ရှိသူကပြောသည်။

လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့