Connect with us

Hi, what are you looking for?

News

ဖာပွန်​ဆေးရုံ လက်နက်ကြီးကျည်မှန်လို့ ကိုဗစ် လူနာ တစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်သံတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၅ တို့ကြား ပစ်ခတ်နေကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့မှာ ညတုန်းက ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကြီးကျည်တစ်လုံး ဆေးရုံကိုထိမှန်သွားခဲ့လို့ ကိုဗစ်လူနာတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်သံတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၅ တို့ကြား ပစ်ခတ်နေကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလိုပစ်ခတ်တာတွေ ဖြစ်နေတဲ့အချိန်မှာ ဖာပွန်မြို့မဆေးရုံ၀င်းထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကိုဗစ်လူနာတွေထားရှိတဲ့ အဆောင်နားက အိမ်သာကို ထိမှန်သွားခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

လက်နက်ကြီးကျည်အစထိမှန်သွားခဲ့လို့ ဆေးရုံထဲမှာရှိတဲ့ ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့ပေါ်မှာ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေရာယူတပ်စွဲထားပြီး ဆေးရုံနားမှာရှိတဲ့ တပ်ဘက်က ပစ်လိုက်လို့ ဆေးရုံကိုသွားရောက်ထိမှန်သွားခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့မှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ မကြာခဏကြားနေရပြီး စစ်ကောင်စီတပ်တွေကတော့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေ အမြဲတစေလုပ်ဆောင်တတ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook