Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်​ဆေးရုံ လက်နက်ကြီးကျည်မှန်လို့ ကိုဗစ် လူနာ တစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်သံတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၅ တို့ကြား ပစ်ခတ်နေကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့မှာ ညတုန်းက ပစ်ခတ်သံတွေကြားနေရပြီး လက်နက်ကြီးကျည်တစ်လုံး ဆေးရုံကိုထိမှန်သွားခဲ့လို့ ကိုဗစ်လူနာတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ ပစ်ခတ်သံတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၅ တို့ကြား ပစ်ခတ်နေကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလိုပစ်ခတ်တာတွေ ဖြစ်နေတဲ့အချိန်မှာ ဖာပွန်မြို့မဆေးရုံ၀င်းထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကိုဗစ်လူနာတွေထားရှိတဲ့ အဆောင်နားက အိမ်သာကို ထိမှန်သွားခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

လက်နက်ကြီးကျည်အစထိမှန်သွားခဲ့လို့ ဆေးရုံထဲမှာရှိတဲ့ ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့ပေါ်မှာ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေရာယူတပ်စွဲထားပြီး ဆေးရုံနားမှာရှိတဲ့ တပ်ဘက်က ပစ်လိုက်လို့ ဆေးရုံကိုသွားရောက်ထိမှန်သွားခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဖာပွန်မြို့မှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ မကြာခဏကြားနေရပြီး စစ်ကောင်စီတပ်တွေကတော့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေ အမြဲတစေလုပ်ဆောင်တတ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။