Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် လူထုနေထိုင်ရာများသို့ တိုက်ခိုက်၍ ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရ

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။

(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

▪️KNU/KNLAတပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများဆက်ရှိလာနိုင်၍ သတိဖြင့်နေထိုင်ရန် အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ပြည်သူလူထုများနေထိုင်ရာသို့ စစ်ကောင်စီတပ်က ဒရုန်းများဖြင့်တိုက်ခိုက်ပြီး KNU/KNLA တပ်ဖွဲ့များနှင့် ပြည်သူလူထုများအကြား စိတ်ဝမ်းကွဲအောင်လုပ်ဆောင်နေ၍ သတိဖြင့်နေထိုင်ကြရန် KNUက ယနေ့ ထုတ်ပြန် သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က KNU အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ရွှေကျင်မြို့နယ် သောင်လယ်ရွာ၊ ကျောက်ကြီးမြို့နယ် အင်းနက်ရွာ၊ ကျောက်ကြီးမြို့နယ် ဝါးပင်စုရွာ၊မုန်းမြို့နယ် စဝင်ကျေးရွာများသို့ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၃ရက်က သောင်လယ်ရွာအတွင်းသို့ (၆၀)မမဟု ယူဆရသည့် ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အိမ်ရှင်ဦးဝင်းသိန်း နှင့် ၎င်း၏ (၇)နှစ်အရွယ် သားငယ်တို့ ထိမှန်ဒဏ်ရာရခဲ့သည်။

(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

သောင်လယ်ရွာသည် စစ်ကောင်စီတပ် လုံခြုံရေးတင်းကြပ်ထားသည့် လမ်းသုံးခုဆုံရာနေရာအနီးတည်ရှိပြီး တော်လှန်ရေးအင်အားစုများသုံးသည် ဒရုန်းများ လက်လှမ်းမမှီသော နေရာဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

“သူတို့ သောင်လယ် စစ်ဆေးရေးဂိတ်မှာ အရင်၃/၄ရက်ကတည်းက Drone တွေစမ်းပျံနေတာ တွေ့တယ်၊ ရိုးရိုး Drone တော့မဟုတ်ဘူး အသီးတွေ ချိတ်ထားတဲ့ Drone ပါ၊ (၆၀)မမ ထင်တယ် နည်းနည်းကြီးတယ်၊ ဖြစ်တဲ့ညကလဲ ဂိတ်က စစ်ဗိုလ်ရော စစ်သားတွေရော မူးထူးနေတာပါပဲ”ဟုဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကို KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခုနှစ် မေလက အင်းနက်ကျေးရွာရှိ ဘုန်းကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးသီးချခဲ့၍ အသက် ၈နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဘယ်ဘက်ရုံအိုမှ ကျောဘက်သို့ ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်ခဲ့သည်ဟု ကုသပေးသူက ပြောကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၂၈ရက်ကလည်း ကျောက်ကြီးမြို့နယ် ဝါးပင်စုကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ နှစ်ဦး ထိခိုက်ခဲပြီး တစ်ဦးမှာ ညာဖက်မျက်လုံးထိမှန် ပျက်စီးခဲ့ရသည်ဟု KNUက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၄ရက်ကလည်း ခမရ (၅၉၉)မှ မုန်းမြို့နယ် စဝင်ကျေးရွာသို့ ဒရုန်းဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများအတွင်း၌ ပြည်သူလူထု များအားပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးသီးကြဲချမှုများများအကြိမ်ကြိမ် ပြုလုပ်လျက်ရှိနေရာ

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်