Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် ​မူးမြစ်ကူးတံတားကျိုး၍ စစ်ရှောင်ပြည်သူ လေးဦး ရေထဲမျောပါသွား

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို နယ်စပ်များ၌ စစ်ကြောင်း သုံးခုခွဲ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူလေးဦး မူးမြစ်ကူးတံတား ဖြတ်ကူးစဥ် တံတားကျိုး၍ ရေထဲမျောပါသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၃ ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး မူးမြစ်ကူးတံတားကျိုး၍ ပြည်သူလေးဦး ရေထဲမျောပါပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

“မူးမြစ်ကူးတံတားဆိုတာ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားတဲ့ ဝါးလေးတွေ၊ တိုင်လေးတွေ၊ ဝါးကတ်လေးတွေနဲ့ လုပ်ထားတဲ့တံတားပါခင်ဗျာ။ဆိုင်ကယ်တစ်စီးသွားလို့ရမယ်။လူသွားလို့ရမယ်။ နောက်ဆက်တွဲအခြေအနေကတော့ မသိရသေးပါဘူး။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်း‌ထိုးနေစဉ် တာတိုင်ဘက်မှ စစ်ရှောင်လာကြသည့် ပြည်သူအများအပြားအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို နယ်စပ်များ၌ စစ်ကြောင်း သုံးခုခွဲ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ဒီပဲယင်းအရှေ့ခြမ်းတွင် သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများ စသည့် ကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၁၁ဦး​သေဆုံးပြီးစခန်းမှူးထွက်​ပြေး၊ အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုကို​ရည်ရွယ်၍ စစ်ဆင်​ရေးအမည်​ပေးထား