Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတွင် ဆိုင်ကယ်လုရန်ကြိုးစားသူ ဆိုင်ကယ်အတိုက်ခံရ

ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက် ၄ နာရီခန့်က မိတ္ထီလာမြို့ အ.ထ.က(၄)​အနီးတွင် စျေးသို့အလုပ်လာသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား လူတစ်စုက တုတ်ဖြင့်ရိုက်ပြီး ပစ္စည်းများလုယူရန်ကြိုးပမ်းခဲ့သည်။

မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj(ပုံအဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ဆိုင်ကယ်မောင်နင်လာသူပြည်သူတစ်ဦးထံမှ လူတစ်စုက ဆိုင်ကယ်လုရန် ကြိုးစားနေစဥ် လုယက်သမားတစ်ဦးကို ဝင်တိုက်ပြီး ဆိုင်ကယ်ပိုင်ရှင်လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက် ၄ နာရီခန့်က မိတ္ထီလာမြို့ အ.ထ.က(၄)​အနီးတွင် စျေးသို့အလုပ်လာသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား လူတစ်စုက တုတ်ဖြင့်ရိုက်ပြီး ပစ္စည်းများလုယူရန်ကြိုးပမ်းခဲ့သည်။

သို့သော် ဆိုင်ကယ်စီးနင်းလာသူသည် လဲကျသွားခြင်းမရှိဘဲ ဆက်လက်မောင်းနှင်နိုင်ခဲ့ရာ ​ရှေ့တွင်ရှိသော လုယက်သမားတစ်ဦးအား ဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့သည် စစ်တပ်အများအပြားရှိသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ထီလာရဲ့ လုယက်မှုကတော့ တစ်နေ့ထက်တစ်နေ့ မရိုးရအောင်ပဲ။ မနက်လင်းကတည်းကပဲ။ ကြောက်စရာတော်တော်ကောင်းနေပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းကလည်း မိတ္ထီလာမြို့ မိတ္ထီလာဟိုတယ်ရှေ့တွင် ပြည်သာယာသို့ပြန်လာသည့် အမျိုးသားနှင့်အမျိုးသမီးစီးလာသော ဆိုင်ကယ်အား သုံးယောက်စီးလာသေ ာဆိုင်ကယ်က ဓားပြတိုက် လုယက်ခဲ့ရာ ပိုက်ဆံအိတ်နှင့် ဖုန်းပါသွားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook