Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့သို့ သစ်များတရားမဝင်သယ်ဆောင်သည့် ယာဥ်တစ်စီးကို KNDFဖမ်းဆီးထိန်းသိမ်း

ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

လွိုင်ကော်မှ မိတ္ထီလာမြို့သို့ သစ်များတရားမဝင်သယ်ဆောင်သည့် ယာဥ်တစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဖယ်ခုံဇုန်က ယနေ့(ဇွန် ၂၆ ရက်)တွင် ထုတ်ပြန် သည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂၅ ရက်)က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူယာဥ်မောင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ယာဥ်မောင်းနှင့်ယာဥ်မှာ KNDF တပ်ရင်း (၃)၏ လုံခြုံရေးဆောင်ရွက်ရာ လမ်းတစ်လျှောက်တွင် မကြာခဏဖြတ်သန်းသွားလာခဲ့သောကြောင့် ရဲဘော်များမှ ရပ်တန့်စစ်ဆေးရာ သစ်များတရားမဝင် ခိုးယူသယ်ဆောင်နေကြောင်းတွေ့ရှိခဲ့ရခြင်းဟု အသိပေးသည်။

ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူဖြစ်ရပ်မျိုးကို ထပ်မံတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု KNDFတပ်ရင်း(၃) က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။