Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ် မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှပျူစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များစီးနင်းတိုက်ခိုက်

ယခုရက်ပိုင်းအတွင်း တနသာ်ရီတိုင်းအတွင်း ​တော်လှန်​ရေးအင်အားစုများက ခုခံ​တော်လှန်စစ်ကိုအရှိန်မြှင့်တိုက်ခိုက်လာပြီး တိုက်ပွဲများ​နေရာအနှံတွင်ဆက်တိုက်ဖြစ်ပွား​နေသည်။

(DGRF မှတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DGRF)
(DGRF မှတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DGRF)

▪︎စစ်ကူလားသူများကိုပါ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၄၀)ခန့် သေဟုဆို

လောင်းလုံးနယ် မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၄ ရက်နေ့ည ၈ နာရီခန့်က မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှ ဦးလေးလေး၏ ပျူစောထီးစခန်းတို့ကို စစ်ကြောင်းများခွဲ၍ တစ်ချိန်းတည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ကားသုံးစီးပျက်စီးကာစစ်သား၊ရဲနှင့် ပျူ​စောထှး (၄၀) ဦးခန့် ထိခိုက်သေဆုံးသွားသည်ဟု ​ဖော်ပြထားသည်။

မောင်းမကန်ရဲစခန်းအား တိုက်ခိုက်နေစဥ်(၁၀၄)ခြေလျင်တပ်ရင်းမှကားသုံးစီးဖြင့်စစ်ကူလာရောက်ရာအသင့်စောင့်ဆိုင်းနေသော ရဲဘော်များက မိုင်း(၂၄)လုံးဖြင့် နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကားနှစ်စီး ထိုးရပ်၍ တစ်စီးမီးလောင်သွားကြောင်းသိရသည်။ထို့နောက်မိနစ် ၂၀ ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း​သိရသည်။

Public Service Announcement
Public Service Announcement

အလားတူ ကရင်ကြီးရွာပျူစောထီးစခန်းတိုက်ခိုက်ခံရသည်ကို ကားတစ်စီးဖြင့် စစ်ကူလာသောအင်အား (၂၀)ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း မောင်မကန်နှင့် ကရင်ကြီးကြားတွင် မိုင်း (၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Vargo ကားတစ်စီး ပျက်စီးသွားပြီးထိခိုက်​သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။ စစ်​ကောင်စီတပ်​သေဆုံး​သေဆုံး ဒဏ်ရာရမှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပါ။

Public Service Announcement

Public Service Announcement

အထက်ပါ တိုက်ပွဲများဖြစ်ပွားနေချိန် လောင်းလုံးမြို့ပေါ် မြေစာရင်းရုံးအနီးမိုင်းတစ်လုံးဖောက်ခွဲခဲ့သော်လည်းထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်မှုများကို လောင်းလုံး(ပကဖ)၊ DGRF၊ TPDF၊ YPPDF၊ DDT တပ်ခွဲ (၃)၊ အထူးပြောက် ကျားတပ်ဖွဲ့နှင့် ထားဝယ်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်အထိ စစ်ကောင်စီတပ်မှ (၄၀)ခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်ငါးဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်းလည်း အသိ​ပေးထားသည်။

ဆက်သွယ်​ရေးအခက်အခဲနှင့် တပ်ဖွဲ့ဝင်များလုံခြုံ​ရေး​ကြောင့် သတင်းထုတ်ပြန်မှု​နောက်ကျခဲ့ခြင်းဖြစ်ပြီး ယခုအခါ တပ်ဖွဲ့ဝင်များ​ဘေးကင်းလုံခြုံရာသို့​ရောက်ပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

အထက်ပါတိုက်ခိုက်မှုအခြေအနေများနှင့်စပ်လျဥ်း၍ People’s Spring မှ လောင်းလုံး(ပကဖ)နှင့် DGRF တို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

ထိုအပြင် ဒီဇင်ဘာ ၅ရက်ကလည်း ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်ကို လုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား ၅ ဦး​သေဆုံးခဲ့​ကြောင်း ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက ပြောသည်။

“ရမ်းဘလူရွာနားမှာ ဖြစ်တာဗျ။ ကျနော်တို့ ပြည်သူကို အသိပေးလိုတဲ့သဘောလောက်ပဲ ပြောလို့ရပါသေးတယ်။ အဓိကက ဒီနေရာမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတာ သိစေလိုတဲ့ဆန္ဒပါပဲ။ အားလုံးထုတ်ပြန်လို့ မရသေးပါဘူးဗျ”ဟု ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်လူကြီးလမ်းကြောင်းနှင့်စပ်လျဥ်းပြီးထားဝယ်-ထီးခီးလမ်းပိုင်း အရှေ့တောဒေသတွင် စစ်ကောင်စီအင်အား ၁၅၀ မှ ၂၀၀ ကြား ကင်းပုန်း ချထားပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းက အသိပေးသည်။

ထို့အပြင် အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စစ်ကြောင်းတစ်လျှောက်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်းများ ရှိနေခြင်းကြောင့် ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန် သတိပေးထားသည်။

ယခုရက်ပိုင်းအတွင်း တနသာ်ရီတိုင်းအတွင်း ​တော်လှန်​ရေးအင်အားစုများက ခုခံ​တော်လှန်စစ်ကိုအရှိန်မြှင့်တိုက်ခိုက်လာပြီး တိုက်ပွဲများ​နေရာအနှံတွင်ဆက်တိုက်ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook