Connect with us

Hi, what are you looking for?

News

CDM ပြုလုပ်လိုတဲ့ တပ်မ​တော်သားများစွာပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်လာ

အခုအခါမှာပြည်သူနဲ့အတူပူး​ပေါင်းပြီး CDM ပြုလုပ်ထားတဲ့ တပ်မ​တော်သားနဲ့ ရဲ တပ်ဖွဲ့ဝင် ၂၅၀၀ ​ကျော်ရှိ​နေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့က ​ကြေညာထားပါတယ်။

အာဏာသိမ်းစစ်​ကောင်စီရဲ့ တပ်မှာ တာဝန်မထမ်း​လိုတော့ဘဲ ပြည်သူနဲ့အတူပူး​ပေါင်းဖို့ CDM ပြုလုပ်ဖို့ တပ်အတွင်းက​နေ ဆက်သွယ်သတင်း​ပေးလာတဲ့သူအလွန်များ​နေ​ကြောင်း CDMတပ်မ​တော်သား​တွေကို ကူညီ​ပေး​နေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ မှ Captain Zero (ခန့်ကို) က သူ့​ဖေစ်ဘွခ်က​​နေ ပြည်သူ​တွေကို အသိ့​ပေးထားပါတယ်။

Captain Zero က အင်ဂျင်နီယာ ဗိုလ်ကြီး ဖြစ်သလို ၊ CDM ဝင်ထားသူ တစ်ဦးဖြစ်ပါတယ်။

“ကျွန်တော်တို့အားလုံး ထင်ထားတဲ့အတိုင်း မျှော်လင့်ထားသလို တပ်တွင်းကဆက်သွယ် သတင်းပေးနေသူတွေ အရမ်းများလာတဲ့အတွက် ပြည်သူ့ရင်ခွင် team အနေနဲ့ လက်ခံဖြေကြားရတဲ့အပိုင်းမှာ အနည်းငယ် ကြန့်ကြာမှု ရှိနိုင်ပါတယ်။ အတည်ပြု စုံစမ်း စစ်ဆေးရတဲ့ အပိုင်းတွေလည်း ရှိတဲ့အတွက် သည်းခံစောင့်ဆိုင်းပေးကြပါ။ တပ်တွင်းနေ CDM သမားများအားလုံးကို ကြိုဆိုပါတယ် ” လို့ ​အမျိုးသားညီညွတ်​ရေးအစိုးရ ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူ​တွေရဲ့ ခုခံ​တော်လှန်စစ်စတင်ပြီလို့​ ဒီ​နေ့မနက်မှာကြေ ငြာ ပြီး နာရီပိုင်းအကြာမှာ Captain Zero က ​ရေး
သားထားပါတယ်။

အခုအခါမှာပြည်သူနဲ့အတူပူး​ပေါင်းပြီး CDM ပြုလုပ်ထားတဲ့ တပ်မ​တော်သားနဲ့ ရဲ တပ်ဖွဲ့ဝင် ၂၅၀၀ ​ကျော်ရှိ​နေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့က ​ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။