အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မှာ တာဝန်မထမ်းလိုတော့ဘဲ ပြည်သူနဲ့အတူပူးပေါင်းဖို့ CDM ပြုလုပ်ဖို့ တပ်အတွင်းကနေ ဆက်သွယ်သတင်းပေးလာတဲ့သူအလွန်များနေကြောင်း CDMတပ်မတော်သားတွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ မှ Captain Zero (ခန့်ကို) က သူ့ဖေစ်ဘွခ်ကနေ ပြည်သူတွေကို အသိ့ပေးထားပါတယ်။
Captain Zero က အင်ဂျင်နီယာ ဗိုလ်ကြီး ဖြစ်သလို ၊ CDM ဝင်ထားသူ တစ်ဦးဖြစ်ပါတယ်။
“ကျွန်တော်တို့အားလုံး ထင်ထားတဲ့အတိုင်း မျှော်လင့်ထားသလို တပ်တွင်းကဆက်သွယ် သတင်းပေးနေသူတွေ အရမ်းများလာတဲ့အတွက် ပြည်သူ့ရင်ခွင် team အနေနဲ့ လက်ခံဖြေကြားရတဲ့အပိုင်းမှာ အနည်းငယ် ကြန့်ကြာမှု ရှိနိုင်ပါတယ်။ အတည်ပြု စုံစမ်း စစ်ဆေးရတဲ့ အပိုင်းတွေလည်း ရှိတဲ့အတွက် သည်းခံစောင့်ဆိုင်းပေးကြပါ။ တပ်တွင်းနေ CDM သမားများအားလုံးကို ကြိုဆိုပါတယ် ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်စတင်ပြီလို့ ဒီနေ့မနက်မှာကြေ ငြာ ပြီး နာရီပိုင်းအကြာမှာ Captain Zero က ရေး
သားထားပါတယ်။
အခုအခါမှာပြည်သူနဲ့အတူပူးပေါင်းပြီး CDM ပြုလုပ်ထားတဲ့ တပ်မတော်သားနဲ့ ရဲ တပ်ဖွဲ့ဝင် ၂၅၀၀ ကျော်ရှိနေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့က ကြေညာထားပါတယ်။

Public Service Announcement


















































