Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာဇော်မြင့်မောင်ကျန်းမာရေးကြောင့် မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူခံရ

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာဇော်မြင့်မောင်

အိုးဘိုထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးမကောင်းလို့ လက်ရှိဒီဇင်ဘာလ လဆန်းပိုင်း အတွင်း ဆေးရုံ တက်ရောက်ခဲ့ကြတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

ကနဦးက အရိုးကင်ဆာသံသယရှိလို့ စစ်ဆေးရာမှာ အရိုးကင်ဆာမရှိကြောင်း အဖြေထွက်ခဲ့တယ်လို့လည်း အဲဒီနီးစပ်သူက ပြောပြပါတယ်။ ဆေးစစ်ပြီးနောက် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်ထဲ ချက်ချင်းပြန်ပို့လိုက်တယ်လို့လည်းသိရပါတယ်။

အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဝေဒနာသည်ဖြစ်လို့ ဆေးဝါးအမြဲမပြတ် သောက်နေရသူပါ။

Public Service Announcement

Public Service Announcement

ဒီလိုဆေးဝါးတွေကို စစ်ကောင်စီဘက်ကမဖြတ်ပေမယ့် ပါဆယ်ပို့ခွင့်ရတဲ့ ပမာဏကိုတော့ လက်ရှိ ဒီဇင်ဘာလ လဆန်းပိုင်းမှာ ကန့်သတ်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။