Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်ကျန်းမာရေးကြောင့် မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူခံရ

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာဇော်မြင့်မောင်

အိုးဘိုထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးမကောင်းလို့ လက်ရှိဒီဇင်ဘာလ လဆန်းပိုင်း အတွင်း ဆေးရုံ တက်ရောက်ခဲ့ကြတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းကနေ မန္တလေးဆေးရုံကြီးကို တက်ရောက်ခဲ့ရတာဖြစ်ပြီး ဆေးစစ်တာတွေကို တစ်ရက်တည်းပြုလုပ်ခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

ကနဦးက အရိုးကင်ဆာသံသယရှိလို့ စစ်ဆေးရာမှာ အရိုးကင်ဆာမရှိကြောင်း အဖြေထွက်ခဲ့တယ်လို့လည်း အဲဒီနီးစပ်သူက ပြောပြပါတယ်။ ဆေးစစ်ပြီးနောက် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်ထဲ ချက်ချင်းပြန်ပို့လိုက်တယ်လို့လည်းသိရပါတယ်။

အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဝေဒနာသည်ဖြစ်လို့ ဆေးဝါးအမြဲမပြတ် သောက်နေရသူပါ။

Public Service Announcement

Public Service Announcement

ဒီလိုဆေးဝါးတွေကို စစ်ကောင်စီဘက်ကမဖြတ်ပေမယ့် ပါဆယ်ပို့ခွင့်ရတဲ့ ပမာဏကိုတော့ လက်ရှိ ဒီဇင်ဘာလ လဆန်းပိုင်းမှာ ကန့်သတ်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။