Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ်လှုပ်

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ငလျင်ကြောင့် မန္တလေး ကိုင်းတန်းဈေး ဆင်ကြီး ၂ ကောင်ရုပ်ထု ပျက်စီးသွားပုံ ဓာတ်ပုံ − ဆိုရှယ်မီဒီယာ
မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ်လှုပ်ငလျင်ကြောင့် မန္တလေး ကိုင်းတန်းဈေး ဆင်ကြီး ၂ ကောင်ရုပ်ထု ပျက်စီးသွားပုံ ဓာတ်ပုံ − ဆိုရှယ်မီဒီယာ

ပြည်ကြီးတံခွန်၊ မြစ်ငယ်၊ အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွား

ဒီကနေ့မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ် လှုပ်ခတ်သွားပြီး ငလျင်လှုပ်တာကို သိသိသာသာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

မနက် ၆ နာရီ ၄၅ မိနစ် ၊ နေ့ခင်းပိုင်း ၁ နာရီ ခွဲနဲ့ နေ့ခင်း၂ နာရီခွဲ အချိန်တွေမှာ ငလျင်လှုပ်ခတ်သွားတာလို့သိရပါတယ်။

အဲဒီ ၃ ကြိမ်ထဲက နောက်ဆုံး ၂ နာရီခွဲ မှာ လှုပ်တဲ့ ငလျင်ဟာ ပိုပြင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” နေ့ခင်း ၂နာရီခွဲကလှုပ်တာ တိုက်ပေါ်ကဆင်းပြေးရတယ်”လို့ တိုက်ခန်းနဲ့ နေထိုင်တဲ့ အဲဒီဒေသခံက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့လှုပ်တဲ့ ငလျင်တွေဟာ မန္တလေးတိုင်းထဲက ပြည်ကြီးတံခွန် ၊ မြစ်ငယ် ၊အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

စစ်ကောင်စီရဲ့မိုးဇလ ထုတ်ပြန်ချက်အရ မနက် ၆ နာရီ ၄၅ မိနစ်မှာ ငလျင်ဟာ အင်အား ၃.၆ ရစ်ချ်တာစကေးရှိပြီး ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာကို ဗဟိုပြု ကာလှုပ်ခတ်တယ်လို့သိရပါတယ်။

နေ့ခင်းပိုင်း ၁ နာခွဲ ခန့် က လှုပ်တဲ့ငလျင် ဟာလည်း မြစ်ငယ်မြို့ရဲ့အရှေ့ဘက် ၃ မိုင်ခန့် ကို ဗဟိုပြုပြီး လှုပ်ကာ အင်အား ရစ်ချ်တာစကေး ၃.၃ ရှိပါတယ်။

နောက်ဆုံး လှုပ်တဲ့ ၂ နာရီခွဲ ငလျင် ကတော့ အင်အားရစ်ချ်တာစကေး ၄.၇ ရှိပြီး အမရပူရ မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်သွားတာလို့သိရပါတယ်။

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။