Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ်လှုပ်

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ငလျင်ကြောင့် မန္တလေး ကိုင်းတန်းဈေး ဆင်ကြီး ၂ ကောင်ရုပ်ထု ပျက်စီးသွားပုံ ဓာတ်ပုံ − ဆိုရှယ်မီဒီယာ
မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ်လှုပ်ငလျင်ကြောင့် မန္တလေး ကိုင်းတန်းဈေး ဆင်ကြီး ၂ ကောင်ရုပ်ထု ပျက်စီးသွားပုံ ဓာတ်ပုံ − ဆိုရှယ်မီဒီယာ

ပြည်ကြီးတံခွန်၊ မြစ်ငယ်၊ အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွား

ဒီကနေ့မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ် လှုပ်ခတ်သွားပြီး ငလျင်လှုပ်တာကို သိသိသာသာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

မနက် ၆ နာရီ ၄၅ မိနစ် ၊ နေ့ခင်းပိုင်း ၁ နာရီ ခွဲနဲ့ နေ့ခင်း၂ နာရီခွဲ အချိန်တွေမှာ ငလျင်လှုပ်ခတ်သွားတာလို့သိရပါတယ်။

အဲဒီ ၃ ကြိမ်ထဲက နောက်ဆုံး ၂ နာရီခွဲ မှာ လှုပ်တဲ့ ငလျင်ဟာ ပိုပြင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” နေ့ခင်း ၂နာရီခွဲကလှုပ်တာ တိုက်ပေါ်ကဆင်းပြေးရတယ်”လို့ တိုက်ခန်းနဲ့ နေထိုင်တဲ့ အဲဒီဒေသခံက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့လှုပ်တဲ့ ငလျင်တွေဟာ မန္တလေးတိုင်းထဲက ပြည်ကြီးတံခွန် ၊ မြစ်ငယ် ၊အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

စစ်ကောင်စီရဲ့မိုးဇလ ထုတ်ပြန်ချက်အရ မနက် ၆ နာရီ ၄၅ မိနစ်မှာ ငလျင်ဟာ အင်အား ၃.၆ ရစ်ချ်တာစကေးရှိပြီး ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာကို ဗဟိုပြု ကာလှုပ်ခတ်တယ်လို့သိရပါတယ်။

နေ့ခင်းပိုင်း ၁ နာခွဲ ခန့် က လှုပ်တဲ့ငလျင် ဟာလည်း မြစ်ငယ်မြို့ရဲ့အရှေ့ဘက် ၃ မိုင်ခန့် ကို ဗဟိုပြုပြီး လှုပ်ကာ အင်အား ရစ်ချ်တာစကေး ၃.၃ ရှိပါတယ်။

နောက်ဆုံး လှုပ်တဲ့ ၂ နာရီခွဲ ငလျင် ကတော့ အင်အားရစ်ချ်တာစကေး ၄.၇ ရှိပြီး အမရပူရ မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်သွားတာလို့သိရပါတယ်။

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။