Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကိုတက်ခွင့်ပြုမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ဘန်ကောက်မှာ ပြုလုပ်မယ်

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ကို ငြင်းပယ်ဖို့ မြန်မာလူငယ်တွေ ဆန္ဒထုတ်ဖော်စဉ်(ပုံဟောင်း)
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ကို ငြင်းပယ်ဖို့ မြန်မာလူငယ်တွေ ဆန္ဒထုတ်ဖော်စဉ်(ပုံဟောင်း)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ရဲ့အကျပ်အတည်းအတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြီး လာမယ့် ကြာသပတေးနေ့ (ဒီဇင်ဘာလ ၂၂ ) ရက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ရှိနေပါတယ်။

ဘန်ကောက်မှာပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကိုတက်ခွင့်ပေးထားတယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက် ဆွေးနွေးပွဲဟာ တရားဝင်အာဆီယံ အစည်းအဝေး သဘောမျိုးမဟုတ်ဘဲ မြန်မာ့နိုင်ငံ ရဲ့အကျပ်အတည်း ရိုက်ခတ်မှုကို ခံရတဲ့နိုင်ငံတွေ ကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးအမြင်ဖလှယ်တာလို့ အကြောင်းပြထားပါတယ်။

ထိုင်းနိုင်ငံက စီစဉ်တဲ့ အဲဒီဆွေးနွေးပွဲကို ထိုင်းရဲ့အိမ်နီးချင်းနိုင်ငံတွေ တက်ရောက်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

ထိုင်းနိုင်ငံက အခုလိုစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးမှုဟာ အမေရိကန်လွှတ်တော် ၂ရပ်က NUG နဲ့PDF တွေကို ထောက်ပံ့မယ့်အစီအစဉ်တွေပါဝင်တဲ့ ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုလိုက်တဲ့အချိန် နဲ့မရှေးမနှောင်းမှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။