Connect with us

Hi, what are you looking for?

သတင်း

မုံးကိုးဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ MNDAA ရဲဘော်တစ်ဦးကျဆုံး

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

(MNDAA မှ တပ်သားတစ်ဦး တိုက်ပွဲအတွင်းပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kokang
(MNDAA မှ တပ်သားတစ်ဦး တိုက်ပွဲအတွင်းပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက်က စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၄၂၀) မှ အင်အား ၈၀ နီးပါးသည် MNDAA တပ်မဟာ (၅၁၁)ရှိရာ မုံးကိုးခရိုင် တာမုံးပေါ်ဒေသသို့ ချီတက်လာ၍ မွန်းလွဲ ၁နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီး ပြင်းထန်ခဲ့ကြောင်း၊ နှစ်ဖက်တိုက်ပွဲများအတွင်း မုံးကိုးဒေသ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပဋိပက္ခဖြစ်ပွားရာနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နေအိမ်အချို့သို့ ကျည်များကျရောက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ MNDAA တပ်စခန်းသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။