Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံးကိုးဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ MNDAA ရဲဘော်တစ်ဦးကျဆုံး

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

(MNDAA မှ တပ်သားတစ်ဦး တိုက်ပွဲအတွင်းပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kokang
(MNDAA မှ တပ်သားတစ်ဦး တိုက်ပွဲအတွင်းပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက်က စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၄၂၀) မှ အင်အား ၈၀ နီးပါးသည် MNDAA တပ်မဟာ (၅၁၁)ရှိရာ မုံးကိုးခရိုင် တာမုံးပေါ်ဒေသသို့ ချီတက်လာ၍ မွန်းလွဲ ၁နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီး ပြင်းထန်ခဲ့ကြောင်း၊ နှစ်ဖက်တိုက်ပွဲများအတွင်း မုံးကိုးဒေသ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပဋိပက္ခဖြစ်ပွားရာနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နေအိမ်အချို့သို့ ကျည်များကျရောက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ MNDAA တပ်စခန်းသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။