Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ လက်ကျန်အမှုတွေ ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးမယ်

နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ကျလို့ရတဲ့ အဂတိပုဒ်မတွေဖြစ်ပါတယ်။

ဓာတ်ပုံ − AP
ဓာတ်ပုံ − AP

စစ်ကောင်စီ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန် အမှု ၅ မှု ကိုဒီနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးတော့မှာပါ။

နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ကျလို့ရတဲ့ အဂတိပုဒ်မတွေဖြစ်ပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်ကိုလည်း အမှုတွဲထားပါသေးတယ်။

အမှုတွေကတော့ NLD အစိုးရ လက်ထက် ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံ့ဘဏ္ဍာငွေထိခိုက်တယ်ဆိုပြီး အဂတိပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဦးမင်းသူတို့သက်သေထွက်ဆိုပေးထားပါတယ်။

လက်ကျန်အမှုတွေကို အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် လာမယ့် နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်အမိန့်ချဖို့ရှိနေပါတယ်။

လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 21

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။