Connect with us

Hi, what are you looking for?

သတင်း

ဆောတွင်​စစ်တပ်လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်ဒဏ်ရာရသူ၇ ဦးတွင် နှစ်ဦးပြင်းထန်၊ အကူအညီများလိုအပ်

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ပြည်သူလေးဦးသေဆုံးပြီး ၊ခုနှစ်ဦးဒဏ်ရာရခဲ့သည့်ယောဒေသဆောမြို့နယ်အတွင်းစစ်ကောင်စီတပ်၏ ဒီဇင်ဘာ ၂၆ ရက်လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက်နှစ်ဦးသည်ဒဏ်ရာပြင်းထန်၍ အရေးပေါ်အခြေအနေဖြင့် ကုသနေရဆဲဖြစ်​ကြောင်းသိရသည်။

“တစ်အိမ်ထဲကနေမိသားစုဝင်သုံးဦးသေဆုံးတယ်။ ခုနှစ်ဦးဒဏ်ရာရပြီး နှစ်ဦးအခြေအနေစိုးရိမ်နေရတယ်။ ဆေးဝါးအခက်အခဲတွေနဲ့မို့ ပိုပြီး ဒုက္ခရောက်ကြရတယ်” ဟု ​ဆောဒေသပြည်သူ့ကာကွယ်ရေးတပ် ​(ဆော- PDF )တပ်ရင်း(၂) -YRPAမှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ဗုံးနဲ့ပစ်ချပြီးပြီးချင်းနောက်တစ်ပတ်ပြန်လာပြီးတော်ပီဒိုနဲ့ ပစ်တာ။ အုန်းပင်တောင်ထက်ပိုင်းကျိုးပြီး အိမ်ပေါ်ပိတာ။ အိမ်ထဲမှာနေသူတွေသေဆုံးသွားကြတယ်”ဟု​ဆော PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမရှိဘဲ ပြည်သူ့လူထုကို ဦးတည်၍ စစ်ကောင်စီ တိုက်ခိုက်​​​ခြင်းဟု ယောဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့The Youth Force (​ဆော နှင့်​ကျောက်ထု)မှ အရာရှိတစ်ဦးကပြောသည်။

တစ်အိမ်ထဲမှ မိသားစုဝင် သုံးဦးနှင့် နောက်ထပ်အိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ခုနှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ​​ဆောPDF တပ်ရင်း(၂) -YRPAက ဆိုသည်။ ဒဏ်ရာရသူများကို CDM ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆေးကုသမှုပေးနေသည်။

” သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ ဆေးဝါးတွေကကန့်သတ်ခံထားရတာ ၂ နှစ်ရှိပြီ။ ဆေးဝါးလုံလောက်မှုကမရှိဘူး။ အခုလိုကြုံတော့အခြေအနေတွေကပိုဆိုးတယ်”ဟု​ဆောPDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများအတွက် ပြည်သူများအနေဖြင့် အကူအညီပေးလိုပါက Saw PDF တပ်ရင်း(၂) -YRPA ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=100081257361230 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook