Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့်နှစ် အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဥရောပ သမဂ္ဂ ပြိုကွဲမယ်လို့ ပူတင်ရဲ့ လက်ရုံး ဟောကိန်းထုတ်

မတ်စ်ခ်ကတော့ Twitterပေါ်က အဲဒီ ဟောကိန်းကို ရွှတ်နောက်နောက်နဲ့ သဘောကျသလို ပုံစံမျိုး မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ မက်ဗီဒက်ဗ်ရဲ့ ခန့်မှန်းချက်တွေကို ၂၄ နာရီလောက်အတွင်း ဝင်ရောက် ကြည့်ရှုထားသူ ၃၄.၅ သန်းကျော် ရှိခဲ့ကြောင်းလည်း သိရပါတယ်။

လာမယ့်နှစ် အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဥရောပ သမဂ္ဂ ပြိုကွဲမယ်လို့ ပူတင်ရဲ့ လက်ရုံး ဟောကိန်းထုတ်
လာမယ့်နှစ် အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ဥရောပ သမဂ္ဂ ပြိုကွဲမယ်လို့ ပူတင်ရဲ့ လက်ရုံး ဟောကိန်းထုတ်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အဓိက လက်ရုံးတစ်ဦးက လာမယ့်နှစ်ထဲမှာ အမေရိကန်က ပြည်တွင်းစစ်ဒဏ် ခံရပြီး အီလွန်မတ်စ်ခ် သမ္မတ ဖြစ်လာမယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။

ကိုယ်တိုင်က ရုရှား သမ္မတဟောင်း တစ်ဦး ဖြစ်ပြီး ပူတင်ရဲ့ အဓိက အကြံပေး အဖွဲ့ဖြစ်တဲ့ လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ဒီမီထရီ မက်ဗီဒက်ဗ်က အဲဒီလို ထူးထူးဆန်းဆန်း ဟောကိန်းတွေကို Twitterကနေတဆင့် ရေးသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာတွေကို သူ့အမြင်နဲ့ တန်းစီပြီး ခန့်မှန်းတဲ့အခါ အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်ပြီး ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်စ် ပြည်နယ်တွေက သီးခြား နိုင်ငံတွေ ဖြစလာမယ်လို့ မက်ဗီဒက်ဗ်က ပြောထားပါတယ်။ အဲဒီထဲကမှ တက္ကဆက်စ်ဟာ အိမ်နီးချင်း မက္ကဆီကိုနဲ့ မဟာမိတ် နိုင်ငံတွေအသွင် ရပ်တည်လာလိမ့်မယ်လို့ သူက ခန့်မှန်းထားပြန်တယ်။

ပြည်တွင်းစစ် ပြီးဆုံးသွားတဲ့နောက် အမေရိကန်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ လိုလာပြီး မတ်စ်ခ် သမ္မတ ဖြစ်လာဖို့ အခြေအနေ အကောင်းဆုံးပဲလို့လည်း သူက ပြောပါသေးတယ်။ မတ်စ်ခ်ဟာ Twitter၊ Tesla၊ SpaceXနဲ့ Starlinkတို့လို အထင်ကရ နည်းပညာ လုပ်ငန်းတွေရဲ့ အမှုဆောင်ချုပ် ဘီလီယံနာ သူဌေးကြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မက်ဗီဒက်ဗ်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်မှာ ဒုက္ခရောက်မှာက အမေရိကန် တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂဟာလည်း စစ်ဖြစ်နေတဲ့ ယူကရိန်းကို ထောက်ပံ့သင့်မသင့် သဘောထား ကွဲလွဲကြရင်း အကြီးအကျယ် ပြိုကွဲလိမ့်မယ်လို့လည်း ပါရှိပြန်ပါတယ်။ ဒါ့အပြင် ဗြိတိန် နိုင်ငံဟာ ဥရောပ သမဂ္ဂနဲ့ ပြန်လည် ပေါင်းစည်းလာလိမ့်မယ်လို့လည်း မက်ဗီဒက်ဗ်က ဆိုတယ်။

နောက်ပြီး ဂျာမနီကလည်း ပိုလန်၊ ချက်၊ ဆလိုဗက်ကီးယား၊ ကိယက်ဗ် (ယူကရိန်း အနောက်ပိုင်း)၊ ဘောလ်တစ် ဒေသတွင်း နိုင်ငံတွေနဲ့ တခြား နိုင်ငံငယ် တချို့ကို သိမ်းသွင်းပြီး စတုတ္ထ ဂျာမနီ နိုင်ငံတော်သစ်ကို ထူထောင်လိမ့်မယ်လို့လည်း မက်ဗီဒက်ဗ်က ရဲရဲကြီး ဟောကိန်း ထုတ်ထားပါသေးတယ်။

အကျိုးဆက်အဖြစ် စတုတ္ထ ဂျာမနီ နိုင်ငံတော်နဲ့ ပြင်သစ်တို့ကြား စစ်ပွဲကြီး ဖြစ်ပွားပြီး ဥရောပလည်း နှစ်ခြမ်းကွဲသွားနိုင်ကြောင်း၊ ဒီဂယက်မှာ ပိုလန်ဟာ အတော်လေး သက်ရောက် ခံစားရနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

နောက်ပြီး အမေရိကန် ဒေါ်လာနဲ့ ဥရောပ ယူရို ငွေကြေးတို့ရဲ့ ဩဇာက သိသိသာသာ ကျဆင်းလာ ဒစ်ဂျစ်တယ် ငွေကြေး ယူနစ်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြလိမ့်မယ်လို့လည်း မက်ဗီဒက်ဗ်က ခန့်မှန်းထားပါသေးတယ်။

မတ်စ်ခ်ကတော့ Twitterပေါ်က အဲဒီ ဟောကိန်းကို ရွှတ်နောက်နောက်နဲ့ သဘောကျသလို ပုံစံမျိုး မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ မက်ဗီဒက်ဗ်ရဲ့ ခန့်မှန်းချက်တွေကို ၂၄ နာရီလောက်အတွင်း ဝင်ရောက် ကြည့်ရှုထားသူ ၃၄.၅ သန်းကျော် ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။