Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်စဉ် ပြုလုပ်နေကျ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲကို ပူတင် ဖျက်သိမ်း

နှစ်စဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို ပူတင်ရဲ့ ပုံရိပ် မြှင့်တင်ပေးမယ့် ကြားခံ ကိရိယာ အနေနဲ့ ကရင်မလင် နန်းတော်က အစဉ်တစိုက် အသုံးချခဲ့ပေမယ့် အခုနှစ်မှာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တာကြောင့် ဖျက်သိမ်းခဲ့ရဟန် ရှိပါတယ်။

နှစ်စဉ် ပြုလုပ်နေကျ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲကို ပူတင် ဖျက်သိမ်း
နှစ်စဉ် ပြုလုပ်နေကျ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲကို ပူတင် ဖျက်သိမ်း

နှစ်တိုင်း ပြုလုပ်နေကျဖြစ်တဲ့ ရုရှားအစိုးရရဲ့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲကို ဒီနှစ်မှာ မလုပ်တော့ဖို့ သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က သမ္မတ အနေနဲ့ ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲကို လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အခုလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ ပက်စ်ကော့ဗ်က ထည့်ပြောမသွားပါဘူး။

ဒါပေမဲ့ အများစုကတော့ ပူတင်ဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ချောင်ပိတ် မေးခွန်းတွေကို ကြိုရှောင်တဲ့ အနေနဲ့ သတင်းစာ ရှင်းလင်းပွဲကို ပယ်ဖျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ နှစ်ဆန်းပိုင်းက စတင်ခဲ့ပြီး အလွယ်တကူ အနိုင်ရမယ်လို့ ရုရှားက ယူဆခဲ့တဲ့ ကျူးကျော်စစ်ဟာ လက်ရှိ အချိန်ထိ မပြီးပြတ်သေးသလို ရှေ့တန်း စစ်မြေပြင်မှာလည်း ရုရှားတပ်တွေ အထိနာတဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

နှစ်စဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို ပူတင်ရဲ့ ပုံရိပ် မြှင့်တင်ပေးမယ့် ကြားခံ ကိရိယာ အနေနဲ့ ကရင်မလင် နန်းတော်က အစဉ်တစိုက် အသုံးချခဲ့ပေမယ့် အခုနှစ်မှာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တာကြောင့် ဖျက်သိမ်းခဲ့ရဟန် ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန်ဆိုရင်တော့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲတွေဟာ ပူတင်ကို ရုရှားမှာ ထောက်ခံမှု ဘယ်လောက် ခိုင်မာ အားကောင်းနေသလဲ ဆိုတာကို ပြသဖို့ မဟာဗျူဟာမြောက် အသုံးချတာ တွေ့ရတတ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက Twitterမှာ မှတ်ချက်ပေး ရေးသားခဲ့ပါတယ်။

စစ်ပွဲစတင်ချိန်မှာ ရုရှားက သီတင်းပတ် အနည်းငယ်အတွင်း ကိယက်ဗ်မြို့တော်အရောက် ချီတက်နိုင်မယ်လို့ ပူတင်နဲ့ အပေါင်းအပါတွေက ယူဆခဲ့ပေမယ့် ကြောက်ခမန်းလိလိ ပြင်းထန်တဲ့ ယူကရိန်းရဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထိုးစစ် မြားဦး ကျိုးသွားခဲ့ပါတယ်။ စက်တင်ဘာလ နောက်ပိုင်းမှာတော့ ယူကရိန်းရဲ့ အားကောင်းတဲ့ တန်ပြန်ထိုးစစ်မှာ အငိုက်မိပြီး ရုရှားရဲ့ ထိန်းချုပ်နယ်မြေ အတော်များများကို လက်လွှတ် ဆုံးရှုံးလိုက်ရပါတယ်။

ဒါ့အပြင် စစ်မြေပြင်မှာ အကျအဆုံးတွေ များလွန်းတာကြောင့် ရုရှားက အရန်တပ်ဖွဲ့ဝင် ၃ သိန်းလောက်ကိုပါ မလွှဲမရှောင်သာ ဆင့်ခေါ်ခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း ပူတင်ဟာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ရင်မဆိုင်ချင်လို့ သတင်းစာ ရှင်းလင်းပွဲ ဖျက်သိမ်းခဲ့တာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

Facebook