Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်

ကော့နွဲ့၊ အန်ကလော်ရွာနှင့် မြို့ဟောင်းရွာ အနီးအနားသို့ စစ်ကောင်စီတပ်က ယနေ့နေ့လယ်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

▪️စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် သံချပ်ကာယာဉ်များသုံးပြီး ထိုးစစ်ဆင်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်ကစ၍ နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သည့် ကော့ကရိတ်တွင် ယနေ့ (ဒီဇင်ဘာ ၃၀ရက်) ၁၀နာရီခန့်တွင် တိုက်ပွဲပြန်စခဲ့သည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

“ဒီနေ့မနက်က ၁၀နာရီလောက်မှာတိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲဆိုတာ သူတို့ ဒီ အာရှလမ်းကို သံချပ်ကာနဲ့အသုံးပြုပြီးတော့ ကော့နွဲ့တလျှောက်ကို ဝင်ပစ်တာပေါ့”ဟု ဒေသခံက ပြောသည်။

ကော့နွဲ့၊ အန်ကလော်ရွာနှင့် မြို့ဟောင်းရွာ အနီးအနားသို့ စစ်ကောင်စီတပ်က ယနေ့နေ့လယ်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အခုကျွန်တော်စကားပြောနေတဲ့အချိန်မှာ လေယာဉ် ချသွားပြီ။ လေယာဉ်လာကြဲသွားပြီ။ ဒုက္ခသည်ဦးရေကလည်း ၁,၅၀၀ ကျော်သွားပြီ”ဟု ကော့ကရိတ်ဒေသခံက ယနေ့ မွန်းလွဲ ၃နာရီခန့်တွင် ပြောသည်။

ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး အထိနာလျက်ရှိကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျဆုံး ဒဏ်ရာရသူအချို့ရှိသည်ဟု ဒေသခံကပြောသည်။ ထို့ပြင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှု အိုးအိမ်ပျက်စီးမှုများရှိပြီး ဒေသတွင်း ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။