Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ရှိ အိုးဘို​ရွာ သုံးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၇၀ခန့် ပျက်စီး

မွန်းလွဲပိုင်းတွင်လည်း ကန်နက်ကျေးရွာအား လေးကြိမ်မြောက် မီးရှို့ခဲ့ပြီး ယခုအကြိမ်တွင် နေအိမ် ၂၈လုံး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အိုးဘိုရွာ မီးလောင်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး မြိုင်မြို့
အိုးဘိုရွာ မီးလောင်ပျက်စီးနေသော နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး မြိုင်မြို့

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အိုးဘို​ကျေးရွာ စစ်ကောင်စီတပ်၏ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်ပေါင်း ၇၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နွေဦးတော်လှန်ရေး – မြိုင်က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၄ နာရီ မိနစ် ၂၀ခန့်က ကန်နီကျေးရွာရှိ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများက မြိုင်မြို့နယ်၊ အိုးဘိုကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၇၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ အိုးဘိုကျေးရွာသည် ယခုအကြိမ်အပါအဝင် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းက မြိုင်မြို့နယ်မြောက်ပိုင်းရှိ မန်ကျည်းလေးပင်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၆လုံး မီးလောင်ပျက်စီးခဲ့သည်။

မွန်းလွဲပိုင်းတွင်လည်း ကန်နက်ကျေးရွာအား လေးကြိမ်မြောက် မီးရှို့ခဲ့ပြီး ယခုအကြိမ်တွင် နေအိမ် ၂၈လုံး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ်၊ ဖောင်းကားကျေးရွာမှ ဒေသခံပြည်သူလေးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့အပြင် တောင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ ဖခင်ဖြစ်သူ အသက်(၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တောင်ရွာရှိ နေအိမ် ၄၅ လုံး၊ ကားနှင့်ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀ လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာမှ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး စစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။