Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေကို စစ်တပ် ဗုံးကြဲ၊ နေအိမ်နဲ့ စာသင်ကျောင်း ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ − Karen Peace Support Network

ဇူလိုင် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၆ရက်က မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ထီးလောသီထာရွာကို စစ်တပ်က ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၃လုံးနဲ့ စာသင်ကျောင်း ၁ကျောင်း ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဟု အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU ခရိုင်နဲ့ တပ်မဟာအသီးသီးမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၃ရက်ကလည်း တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေများစွာ ကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၂ဦးသေဆုံးခဲ့ရပါတယ်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်မှာလည်း ဇွန်လနဲ့ ဇူလိုင်အတွင်း စစ်တပ်က တိုက်ပွဲမရှိတဲ့ ဒေသတွေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ဖြစ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က တိုက်ပွဲမရှိတဲ့ ဒေသက အရပ်သားနေထိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရတဲ့အပြင် နေ့စဉ်လူနေမှုဘ၀ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ လုံခြုံရေးအခြေအနေများ ဆိုးရွားစွာ ထိခိုက်လျက်ရှိဟု ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

Facebook