Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသ စစ်ရှောင်ဦးရေတိုးလာ

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)

▪️တောတောင်ဆီသို့ ထွက်ပြေးတိမ်းရှောင်ရသူ အများအပြားရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း ဆက်လက်လုပ်ဆောင်ခဲ့၍ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံဦးရေ ထပ်တိုးလာကြောင်း ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင် များအရေးပေါ် ကူညီရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က စတင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် ယမန်နေ့(ဒီဇင်ဘာ ၂၉)ရက် အထိ စစ်ရှောင်ဦးရေ ၁,၅၀၀ကျော်ရှိပြီး ယနေ့ နေ့လည်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ရှောင်သူ ထပ်တိုးလာကြောင်း ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

“ဒီနေ့မှာတော့ သုံးရာလောက် ကျွန်တော်တို့ သွားကူညီနိုင်ခဲ့တယ်။ မနက်ဖြန်လည်းသွားအုံးမယ်။ အများစုက တောထဲမှာ လုံခြုံတဲ့နေရာ ရပ်တည် ပြီးရှောင်ရတဲ့သဘောရှိတယ်။ တချို့ကျတော့ ရပ်ရွာမှာ လာနေတဲ့သူလည်းရှိတယ်။ တချို့ကျတော့လည်း ဒေါနတောင်တန်းကိုအခြေခံပြီး တောထဲမှာ ရှောင်နေရတဲ့သူ အများအပြားရှိတယ်။ တောတောင်ကို တက်ပြီး လုံခြုံတဲ့နေရာ ရွှေ့ကြတာပေါ့”ဟု ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

KNU အုပ်ချုပ်ရေးနယ်မြေရှိ စစ်ဘေးရှောင်များ အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ အနေဖြင့် တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်များ ကူညီရေးအတွက်ပြင်ဆင်ခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲဖြစ်၍ စစ်ရှောင်ရပါက ကော်မတီကို ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အခု ဒီနေ့စာရင်းပြုစုတာ ၁,၅၀၀ ကျော်သွားပြီ။ ဒါက ရတဲ့စာရင်း။ မရတာတွေလည်းရှိသေးတယ်။ တချို့က မြို့ထဲဝင်နေတဲ့သူတွေလည်းရှိတယ်။ နောက်တခါ မြို့ကို မအားကိုးဘဲ တောကို ပြေးပြီး မီခိုတဲ့သူလည်းရှိတာပေါ့။ ဒီနေ့ နေ့လည်ပိုင်း လေယာဉ်လာကြဲတဲ့အချိန်မှာ ရုန်းထွက်လာတဲ့သူတွေလည်း အများအပြားရှိတယ်”ဟု စစ်ရှောင်များအရေးပေါ် ကူညီရေးကော်မတီတာဝန်ရှိသူက ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

၎င်းက ဆက်လက်၍ “မောင်းမရွာသစ်အုပ်စုကလေ။ ဒုက္ခသည်စခန်းကို ရောက်တာ သူများသတင်းပို့လာတယ်။ ကျွန်တော်တို့ဒေသ ရပ်ရွာထဲမှာပဲ သူတို့ တည်းခိုတာပေါ့။ မိုးချုပ်လာပြီဆိုတော့ ကျွန်တော်တို့လည်း လိုက်မမီတော့ဘူး။ ကျွန်တော်တို့လည်း ပြန်ပြီးတော့ ညွှန်ကြားတာက ရောက်ရှိတဲ့ရွာတိုင်းအိမ်တိုင်း နေရာတိုင်းက ကျေးရွာလူကြီးတွေကို အရေးပေါ် စားနပ်ရိက္ခာအတွက် အရင်ဖြေရှင်းပေးပါလို့ ဒီဒေသတစ်ခုလုံးကို ပြောထားတာပေါ့”ဟု ပြောသည်။

ထို့အပြင် စစ်အာဏာရှင် မပြုတ်ကျမချင်း တိုက်ပွဲများ ဆက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ အဆိုပါ အခြေအတွေင် လူသားချင်း စာနာမှု အကူအညီများ အဓိက ဦးစားပေး ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ - ဒေသခံ)
(တိုက်ပွဲကြောင့် တောတွင်းတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကော့ကရိတ်နယ် ဒေသခံများ၊ ဓာတ်ပုံ – ဒေသခံ)

ယနေ့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ သံချပ်ကာ ယာဉ်နှင့် လက်နက်ကြီး များ အသုံးပြုတိုက်ခိုက်ပြီး ကော့ကရိတ်ဒေသ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ တစ်ဖက်တွင်လည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ပြန်လည်ခုခံရန် အဆင်သင့်ရှိနေကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။