Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်နေဟု NLD ထုတ်ပြန်

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့ လှည်းတန်းတွင် NLD အလံကိုင်ဆောင် ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့ လှည်းတန်းတွင် NLD အလံကိုင်ဆောင် ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုအသီးသီးနှင့် တန်းတူညီမျှလက်တွဲဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီက ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလူထုထံ ပေးပို့သော ၂၀၂၃ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ရည်မှန်းချက်ပြည့်ဝစေရန် ဆောင်ရွက်နေကြောင်း သတင်းစကားပါးသည်။

ယနေ့အချိန်အခါသည် ပြည်သူလူထုတစ်ရပ်လုံး စိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်နေရပြီး အနာဂတ်တွင် မျှော်လင့်ချက်ပေါင်းများစွာရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်နေရသော အချိန်အခါလည်းဖြစ်ကြောင်း ဖော်ပြသည်။

NLD သည် ပါတီစတင်တည်ထောင်ချိန် ၁၉၈၈ မှစ၍ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားရှိခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံလာသမျှ အခက်အခဲ ဘေးအန္တရာယ်မှန်သမျှတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။