Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံရေးအင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်နေဟု NLD ထုတ်ပြန်

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့ လှည်းတန်းတွင် NLD အလံကိုင်ဆောင် ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက ရန်ကုန်မြို့ လှည်းတန်းတွင် NLD အလံကိုင်ဆောင် ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - CJ

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုအသီးသီးနှင့် တန်းတူညီမျှလက်တွဲဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီက ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလူထုထံ ပေးပို့သော ၂၀၂၃ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ရည်မှန်းချက်ပြည့်ဝစေရန် ဆောင်ရွက်နေကြောင်း သတင်းစကားပါးသည်။

ယနေ့အချိန်အခါသည် ပြည်သူလူထုတစ်ရပ်လုံး စိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်နေရပြီး အနာဂတ်တွင် မျှော်လင့်ချက်ပေါင်းများစွာရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်နေရသော အချိန်အခါလည်းဖြစ်ကြောင်း ဖော်ပြသည်။

NLD သည် ပါတီစတင်တည်ထောင်ချိန် ၁၉၈၈ မှစ၍ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားရှိခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံလာသမျှ အခက်အခဲ ဘေးအန္တရာယ်မှန်သမျှတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။