Connect with us

Hi, what are you looking for?

News

စမ်းချောင်းဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်သားများက YBSပေါ်အထိ ရှာဖွေစစ်ဆေး

ယနေ့ညနေပိုင်းတွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံအနီး၌ ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီး ဗုံးပစ်ခံရပြီး စစ်သားနှစ် ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ယနေ့ညနေပိုင်းက စစ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏တပ်သားများက အင်အားအများအပြားဖြင့် ကားများကိုစစ်ဆေးသည့်အပြင် YBSများ ပေါ်အထိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။

“ကျွန်တော်တို့ YBSက အထက်ကြည့်မြင်တိုင်လမ်းအတိုင်းလာတာကို ရဲတွေ၊ စစ်သားတွေအများကြီး တားပြီး စစ်တာပါ။ ဖုန်းတွေကို မစစ်ဘူး။ ကျောပိုးအိတ်တွေ၊ ဘေးလွယ်အိတ်တွေကို အကုန်ဖွင့်စစ်ပါတယ်။ ညနေက စမ်းချောင်းပေါက်ကွဲမှုကြောင့် စစ်တယ်လို့ ထင်ပါတယ် “ဟု မျက်မြင်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုသည်။

ယနေ့ညနေပိုင်းတွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံအနီး၌ ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီး ဗုံးပစ်ခံရပြီး စစ်သားနှစ် ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီများက စမ်းချောင်း ဂွစျေးအနီး၊ ကျွန်းတောလမ်း၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သရော်စာ

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။