Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် မီးရှို့ခံရသည့် ကျေးရွာတွင်ပိတ်မိနေသော အဘွားအိုအား ကိုယ်ဝန်ဆောင်အမျိုးသမီးက ကယ်ထုတ်ခဲ့

ယမန်နေ့(ဇန်နဝါရီ ၉ ရက်)က ဒီပဲယင်းမြို့နယ်၊ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ကို စစ်ကောင်စီတပ်များဝင်လာစဉ် မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကျေးရွာအတွင်း၌ ပုန်း‌အောင်းနေခဲ့သည်။

အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့မှ သက်ကြီးရွယ်အိုများအား ကယ်ထုတ်လာစဥ်၊ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာများ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များ
အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့မှ သက်ကြီးရွယ်အိုများအား ကယ်ထုတ်လာစဥ်၊ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာများ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များ

ပိတ်မိသက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အား တော်လှန်ရေးရဲဘော်များနှင့် ရွာသားများ အရဲစွန့်သွားရောက်ကယ်တင်ခဲ့ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် မီးရှို့ခံရသည့်ကျေးရွာ၌ ပိတ်မိနေသော အသက်(၉၀)ရွယ်အဘွားအိုကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပွေ့ချီကာ ကယ်ထုတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၉ ရက်)က ဒီပဲယင်းမြို့နယ်၊ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ကို စစ်ကောင်စီတပ်များဝင်လာစဉ် မတိမ်းရှောင်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကျေးရွာအတွင်း၌ ပုန်း‌အောင်းနေခဲ့သည်။

ထို့နောက် အဆိုပါကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးစဉ် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျေးရွာအတွင်းပိတ်မိနေခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

အဆိုပါနေရာများသို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင် ကင်းထောက်နှင့် သတင်းထောက်တာဝန်ခံ ကိုမိုးတိမ်နှင့်အဖွဲ့(တပ်ရင်း-၂၁)က ကျေးရွာသားများနှင့်အတူ ကျေးရွာအတွင်း အရဲစွန့်ဝင်ရောက်ခဲ့ကြောင်း၊ နောက်ချန် စစ်ကောင်စီတပ်သားများနှင့် တည့်တည့်တိုး၍ ပုန်းခိုခဲ့ကြရသည်ဟု ၎င်းတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်သားများ ထွက်သွားချိန် အသံပြုလိုက်ရာ အဘိုးအဘွားများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သက်ကြီးရွယ်အိုများအား စိတ်မချ၍ အတူရှိနေခဲ့ခြင်းဖြစ်ပြီး အသက် (၉၀)အရွယ်အဘွားကို ပွေ့ချီကာ ထွက်လာသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထိုအချိန်သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“စိတ်မကောင်းတာက သက်ကြီးရွယ်အိုတွေကို မစွန့်ခွာနိုင်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးက အသက် (၉၀)အရွယ်အဘွားကို ပွေ့ချီပြီး ထွက်လာတာကို တွေ့ရပါတယ်။ မီးဘေးလွတ်ရာ ပေးပို့ကယ်တင်နိုင်ခဲ့ပါတယ်။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးရုံမက ဒေသခံပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မီးလောင်ပြင်နှင့်အတူ သေဆုံးနေသည့် နွားများတွေ့ရှိရပြီး အုတ်ပုံကြားပုန်းခိုနေသည့် ဒေသခံပြည်သူအချို့ ပျောက်ဆုံးမှုများလည်း ရှိနေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်နေ့မှ ၉ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဆပ်ပြာကျင်းကျေးရွာနေ အသက် (၈၄)နှစ်အရွယ် အဘိုးတစ်ဦး မီး‌ရှို့ခံရသည့်အတွင်းပါသွားခဲ့သည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလအတွင်းကလည်း ကျေးရွာ(၂၂)ရွာက အိမ်ခြေ (၂၉၀၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ အာဏာသိမ်းကာလတစ်လျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း (၄,၂၀၀)ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ အသက် (၇၁)နှစ်အရွယ် အမျိုးသမီး ၁ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။