Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိစစ်​ကောင်တပ်စခန်းများကိုKIA၊PDFတိုက်ခိုက်

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေ မသိရသေးသော်လည်း ထိခိုက်ကျဆုံးအနည်းနှင့်အများရှိမည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောသည်။ ရှမ်းမြောက် တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲ အချို့ရှိသည်ဟု ၎င်း ကဆိုသည်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

▪︎ကာမိုင်း၊ မှော်ဆီဇာ၊ ဆယ်ဇင်းဒေသများရှိစစ်​ကောင်စီတပ်စခန်းများကိုKIA၊PDFတိုက်ခိုက်၊ စခန်းအချို့ကိုသိမ်းပိုက်နိုင်ဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF)များကဆက်တိုက် တိုက်ခိုက်လျှက်ရှိပြီးစခန်းအချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ် အချို့နှင့် KIA တာဝန်ရှိသူက ပြောသည်။

ဖားကန့် မှော်ဆီဇာဒေသရှိ စစ်ကောင်စီ တပ်စွဲရာနေရာကို ယမန်​နေ့(ဇန်နဝါရီ ၂၅ရက်)ညက တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ခဲ့ကြောင်း ဒေသခံများက​ပြောသည်။ အလားတူ ဖားကန့်မြိုနယ် ဆည်ဆင်းကျေးရွာမှ စစ်ကောင်စီနှင့်ရှမ်းနီးပူးပေါင်းဂိတ်ကို ကေအိုင်အေ နှင့် PDF ပူးပေါင်းအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၆) နံနက်တွငိ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

ထို့အပြင် မိုးကောင်း- ကာမိုင်းလမ်း နမ့်ဟိုင်ရွာအနီးရှိ စစ်ကောင်စီဂိတ်ကိုလည်း ယနေ့(ဇန်နဝါရီ ၂၆) နံနက် ၅နာရီခန့်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ဘယ်လောက်အထိ အရေးကြီးတဲ့ တပ်စခန်းတွေဆိုတာ တိတိကျကျတော့ မသိဘူး။ သိပ်ပြီးမှ အကြီးအကျယ် ပြင်းထန်တဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး။ စခန်းငယ်လေးတွေပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေ မသိရသေးသော်လည်း ထိခိုက်ကျဆုံးအနည်းနှင့်အများရှိမည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောသည်။ ရှမ်းမြောက် တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲ အချို့ရှိသည်ဟု ၎င်း ကဆိုသည်။

ကချင်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “လှုပ်ရှားတာကတော့ ရိက္ခာပို့တာတွေ တပ်အလဲအလယ်တွေတော့ရှိပါတယ်။ စစ်ကြောင်းအနေနဲ့ လှုပ်ရှားတာတော့ ဒီတစ်ပတ်က မတွေ့ရပါဘူး” ဟုပြောသည်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

“စစ်ဆေးရေးဂိတ်အတိုက်ခံရတာ။ ဒီနေ့မနက် မိုးကောင်း-ဖားကန့်လမ်းတကြောမှာ တိုက်ပွဲတွေဖြစ်နေတယ်ကြားတယ်။ ကားတွေလည်း ပိတ်မိနေလို့ သတင်းနားစွင့်ပြီးမှ လာကြပါ”ဟု မိုးကောင်းမြို့ခံတစ်ဦးကပြောသည်။

ဖားကန့် ဒေသခံတစ်ဦးကလည်း ယနေ့မနက်တွင် ကာမိုင်းဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ပြောကြားသည်။

“သတင်းကြားတာက ကာမိုင်း ဗျူဟာကုန်းကနေ ပစ်တယ်ကြားတယ်။ တိုက်ပွဲဖြစ်တာက နမ့်ဆိုင်ကျေးရွာမှာ။ ကာမိုင်းနဲ့ နည်းနည်းတော့ ဝေးတယ်။ ဒီမနက် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်တာ။ အထိအခိုက်တွေတော့ ဘာမှ မကြားမိသေးဘူး” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။