Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊​ မှော်ဆီစာရွာရဲစခန်းဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးပြာကျ

“ရဲစခန်းမီးလောင်သွားတယ်။KIA နဲ့PDF ပူးပေါင်းအဖွဲ့က ချတာလို့ကြားတယ်။ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေတယ်” ဟုဒေသခံတစ်ဦးက ယ​နေ့ည ၁၀ နာရီ​​ကျော်တွင်ပြောသည်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

ဖားကန့်မြို့ နယ်၊ မှော်ဆီစာရွာရှိနယ်မြေရဲစခန်း ယနေ့(ဇန်နဝါရီ ၂၅) ညတွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာရှိစစ်​ကောင်စီရဲစခန်းကို ယနေ့(ဇန်နဝါရီ ၂၅ရက်) ည ၈နာရီခွဲတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြော​ပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

“ရဲစခန်းမီးလောင်သွားတယ်။KIA နဲ့PDF ပူးပေါင်းအဖွဲ့က ချတာလို့ကြားတယ်။ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေတယ်” ဟုဒေသခံတစ်ဦးက ယ​နေ့ည ၁၀ နာရီ​​ကျော်တွင်ပြောသည်။

(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)
(ဖားကန့် ​မှောဆီဇာရှိ စစ်​ကောင်စီတပ်စခန်းကို တိုက်ခိုက်မီးရှို့​နေစဥ် နှင့် KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ၊Nang Gawn)

မီးလောင်သွားသော ရဲစခန်းသည်ဖားကန့်ဒေသ၌အရေးပါသော နယ်မြေရဲစခန်းတစ်ခုဖြစ်သည်။သို့သော် KIAနှင့်PDF ပူးပေါင်းအဖွဲ့က လာတိုက်ခိုက်မည်ကို ကြောက်ရွံကာယင်းစခန်း၌ ရဲတပ်ဖွဲ့ဝင်များမနေရဲတော့ဘဲ စစ်ကောင်စီတပ်ထဲတွင် သွားရောက်နေထိုင်ကြသည်ဟု ​​​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၄ရက်ကလည်း ဖားကန့်ထွေအုပ်ရုံး RPG ဖြင့်အပစ်ခံရပြီး ဝန်ထမ်းတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။