Connect with us

Hi, what are you looking for?

သတင်း

မုံရွာနဲ့ အနီးတဝိုက် အားထားရာ ပရဟိတဆေးခန်းကို စစ်ကောင်စီတပ် ဝင်စီးခဲ့

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။

မုံရွာနဲ့ အနီးတဝိုက် အားထားရာ ပရဟတိဆေးခန်းကို စစ်ကောင်စီတပ် ဝင်စီးခဲ့
မုံရွာနဲ့ အနီးတဝိုက် အားထားရာ ပရဟတိဆေးခန်းကို စစ်ကောင်စီတပ် ဝင်စီးခဲ့

CDM တွေ စိစစ်ရှာဖွေဖို့ စစ်ကောင်စီရဲ့ညွှန်ကြားချက်တွေထွက်လာပြီးနောက် စစ်ကိုင်းတိုင်း ၊မုံရွာ မြို့က ပရဟိတဆေးခန်းကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စီးနင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်။

မုံရွာအနီးတဝိုက်က အားထားရာ ရွှေတောင်မေတ္တာ ပရဟိတ ဆေးခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ ရက် မနက်၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းတာလို့ ဒေသခံသတင်းရင်းမြစ်တွေထံကသိရပါတယ်။

ဒီလို စီးနင်းမှုမလုပ်ခင် စစ်တပ်လော်ဘီတယ်လီဂရမ်အချို့က ရွှေတောင်မေတ္တာ ပရဟိတဆေးခန်းမှာ CDM ဆရာဝန်တွေ ၊CDM ကျန်းမာရေးဝန်ထမ်းတွေရှိနေတယ်လို့သတင်းကြိုဖြန့်ခဲ့တာရှိပါတယ်။

ဒါကြောင့် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြိုတင်တိမ်းရှောင်နိုင်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဝင်စီးချိန်မှာအဖမ်းမခံခဲ့ရပါဘူး။

Public Service Announcement

Public Service Announcement

ဝင်စီးတဲ့ နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ရောက်လာပြီး ဆေးခန်းသုံးပစ္စည်းတွေကို သိမ်းယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကိုဖိနှိပ်မှုတွေလုပ်နေတာဖြစ်ပြီး စစ်ကောင်စီပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က CDM တွေကို စာရင်းပြုစုထားဖို့ အောက်ခြေကို ညွှန်ကြားထားတာရှိပါတယ်။

ဒါကြောင့် ရန်ကုန် ၊မန္တလေး လို မြို့ကြီးတွေမှာလည်း ဆေးရုံ၊ဆေးခန်းတွေမှာ CDM တွေ ခန့်ထားတာရှိ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။