Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ရက်စက်အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်ဖိအားပေးမည်ဟု ကန်သံရုံးထုတ်ပြန်

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။

စစ်တပ်၏ ရက်စက်အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်ဖိအားပေးမည်ဟု ကန်သံရုံးထုတ်ပြန်
စစ်တပ်၏ ရက်စက်အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်ဖိအားပေးမည်ဟု ကန်သံရုံးထုတ်ပြန်

▪️အာဏာသိမ်းမှုအကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို ဂုဏ်ပြု

အရပ်သားပြည်သူများအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကို လေးစားရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်က ဆက်လက် ဖိအားပေးသွားမည်ဟု ယနေ့ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများကို အားပေးထောက်ခံရာတွင် အမေရိကန်၏ နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပြုသည်။

ဘားမားအက်ဥပဒေပါဝင်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေကို ၂၀၂၂ ဒီဇင်ဘာတွင် သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကို ထောက်ခံအားပေးခြင်းနှင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသော သူများကို အကူအညီများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ရင်း အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ချိနဲ့လာစေရန် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်ကို အထက်ပါအက်ဥပဒေက ပိုမိုအားဖြည့်ပေးကြောင်း ထပ်လောင်း အတည်ပြုသည်။

ထို့အပြင် အာဏာသိမ်းသည့် အချိန်မှစပြီး အာဏာရှင်အဖွဲ့အစည်းကို ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ကြိုးပမ်းအားထုတ်ရာတွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါဝင်ပြီး စစ်လက်နက်နှင့် လေယာဉ်ပစ္စည်းအဝယ်တော်များအပါအဝင် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အရေးယူနေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။