Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ဒီမနက်ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ

ရာအိမ်မှုးတစ်ဦးသေဆုံးပြီး ရဲ ၂ ဦး၊ မီးသတ် ၂ ဦး၊ယာဥ်ထိန်း ၂ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးက စစ်ဆေးရေးဂိတ်နဲ့ ရဲကင်းစခန်းတွေမှာ ပေါက်ကွဲမှူဖြစ်လို့ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိ

မန္တလေးက မြို့နယ်ချင်းအဝင်အထွက် စစ်ဆေးရေးဂိတ်နဲ့ ရဲကင်းစခန်းတစ်ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ရပ်ကွက် ရာအိမ်မှူးတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

ဒီကနေ့ နံနက် ၉ နာရီလောက်က ပုသိမ်ကြီးမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ် အစပ်၊ ၁၉ လမ်း ရေနီမြောင်း နယ်ကျော်ကဒ်စစ်ဆေးတဲ့နေရာ မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ရာအိမ်မှုးတစ်ဦးသေဆုံးပြီး ရဲ ၂ ဦး၊ မီးသတ် ၂ ဦး၊ယာဥ်ထိန်း ၂ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေဆုံးတာတော့ တစ်ယောက်တည်းပါပဲ။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရကြတယ်။ စိုးရိမ်စရာတော့ မတွေ့ခဲ့ဘူး” လို့ ကယ်ဆယ်လုပ်ဆောင်ပေးခဲ့တဲ့ အမျိူးသားတစ်ဦးက ပြောပါတယ်။

နံနက် ၉ နာရီဝန်ကျင်မှာ အောင်မြေသာစံမြို့နယ်က ကျောက်သပိတ်ရဲကင်းမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ပေါက်ကွဲမှု အနီးရှိအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။