Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်နှင့် မူဆယ်ကြား KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

KIA တပ်ဖွဲ့ဝင်အချို့ကို​ တွေ့ရစဥ်
KIA တပ်ဖွဲ့ဝင်အချို့ကို​ တွေ့ရစဥ်

▪️စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းပစ်ကူ ၂ရက်ဆက်လာဟု ဒေသခံပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့အကြားရှိ နားဖိုင်ရွာအနီး၌ ယနေ့ (ဖေဖော်ဝါရီ ၁၅ရက်)တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။

“ဒီကနေလက်နက်ကြီးကတော့ မိုးလင်းကတည်း က ထုနေတယ်။ ခုဏကတောင် ဒုန်းကနည်း အသံတစ်ချက်ကြားလိုက်သေးတယ်။ မနက်ကလည်း လေယာဉ်လာသွားသေးတယ်။ အထိအခိုက်ရှိလိုပဲပစ်ကူပေးတာဖြစ်မယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီး ပစ်ကူများပေးနေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါတွေမဖြစ်ခင်ရှေ့နေကဆို တစ်လမ်းလုံးအပြည့်။ လမ်းပေါ်မှာ လျှောက်သွားနေတာ။ ၉၉ အဖွဲ့(စစ်ကောင်စီတပ်)တွေက အများကြီးပဲ တစ်လမ်းလုံး”ဟု ဒေသခံက တိုက်ပွဲမဖြစ်မီ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအခြေနေကို ပြောပြသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း၌ပင် ကချင်ပြည်နယ် မံစီမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးထိခိုက်များခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဓာတ်ပုံ-CJ

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။