Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးနဲ့ ပတ်သက်လို့ မလေးရှား ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ထောက်ခံ ကြိုဆိုကြောင်း NUG ထုတ်ပြန်

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝန်ကြီးချုပ် အန်ဝါက အာဆီယံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြီး သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။

မလေးရှား ဝန်ကြီးချုပ် ဒါတို ဆာရီ အန်ဝါ အီဘရာဟင် ။ ဓါတ်ပုံ-Bernama
မလေးရှား ဝန်ကြီးချုပ် ဒါတို ဆာရီ အန်ဝါ အီဘရာဟင် ။ ဓါတ်ပုံ-Bernama

မလေးရှား ဝန်ကြီးချုပ် ဒါတို ဆာရီ အန်ဝါ အီဘရာဟင်ရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကောက်နုတ် ဖော်ပြထားတဲ့ သဘောထား အချက်အလက်တွေကို ထောက်ခံ ကြိုဆိုကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝန်ကြီးချုပ် အန်ဝါက အာဆီယံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြီး သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။ အန်ဝါက မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အားကောင်းတဲ့ သတင်းစကားတစ်ခု ပေးပို့ဖို့အတွက် အားကောင်းတဲ့ ညီညွတ်မှုမျိုး ရှိစေလိုကြောင်း သူ့ရဲ့ မိန့်ခွန်းထဲမှာ တောင်းဆိုခဲ့ပါတယ်။

NUG ထုတ်ပြန်ချက်
NUG ထုတ်ပြန်ချက်

ဒါမှသာ မြန်မာ စစ်ခေါင်းဆောင်တွေက မြန်မာပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ ဖယ်ကြဉ်မှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို ရပ်တန့်နိုင်လိမ့်မယ်လို့လည်း အန်ဝါက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်တွေက ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာတွေကို ရပ်တန့်နိုင်ဖို့ အာစီယံမှာ လုပ်ထုံးလုပ်နည်း အသစ်တွေ ပေါ်ထွန်းလာရေး အတွက်လည်း ဝန်ကြီးချုပ် အန်ဝါက ဖိအားပေးခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ NUG၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊မြန်မာ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ထိတွေ့မယ့် အခြေအနေဆီ ဦးတည်ရမှာ ဖြစ်သလို စစ်အာဏာရှင်တွေကိုလည်း အာဆီယံရဲ့ အစည်းအဝေးနဲ့ ဖိုရမ်တွေမှာ သူတို့ရဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့်ကို တားမြစ် ပိတ်ပင်ထားတာမျိုး အပါအဝင် ဖိအားတွေ ဆက်ပေးနေရမယ်လို့ NUGရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဟာ NUGဟာ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရှေ့ဆက် လုပ်ဆောင်သွားမှာဖြစ်ပြီး အင်ဒိုနီးရှားရဲ့ အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ယူမှုကို အပြည့်အဝ ထောက်ခံ အားပေးတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး မလေးရှား ဝန်ကြီးချုပ် အန်ဝါ၊ နိုင်ငံခြားရေး ဝန်ကြီး ဆာရီ ဒါရာဂျာ ဒေါက်တာ ဇမ်ဘရီ အက်ဘ်ဒ် ကာဒါးတို့ကိုလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့အတွက် NUGက အထူးတလည် ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။