Connect with us

Hi, what are you looking for?

သတင်း

မြို့နယ်ရဲမှူးက လဝကမှူးကို​သေနတ်ပစ်နည်းသင်​ပေးစဥ်ကျည်ထွက်၍ လဝကဦးစီးမှူးဒဏ်ရာရ

ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့( ဖေဖော်ဝါရီလ ၁၇ရက်)ညက လျှပ်စစ်ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူမသိရသေးပေ။

(ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်ဖြိုခွဲ​ခဲ့စဥ်စစ်သားများနှင့်အတူရဲအရာရှိများပါဝင်ခဲ့ကြသည် ။ဓါတ်ပုံ-CJ)
(ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်ဖြိုခွဲ​ခဲ့စဥ်စစ်သားများနှင့်အတူရဲအရာရှိများပါဝင်ခဲ့ကြသည် ။ဓါတ်ပုံ-CJ)

ကျောက်ပန်းတောင်းမြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြို့နယ်ရဲမှူးက မြို့နယ်လူဝင်မှုကြီးကြပ်​ရေး(လဝက)ဦးစီးမှူးကို သေနတ်ပစ်ခတ်နည်းလက်တွေ့သင်ပေးနေစဉ်ကျည်ဆန်ထွက်သွားပြီး လဝကဦးစီးမှူးအားထိမှန်သွားကြောင်း ​ဒေသခံများကပြောသည်။

ကျောက်ပန်းတောင်းမြို့၊ မီးသတ်လမ်းဆုံအနီးရှိ Home Tea Shop လက်ဖက်ရည်ဆိုင်တွင်ဖေဖော်ဝါရီလ ၁၂ရက်က အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

“မြို့နယ်မှူးကသေနတ်ထဲမှာကျည်ငါးတောင့်ရှိတာ။တစ်တောင့်ကျန်နေတာကိုမသိတာတဲ့။ လဝကဦးစီးမှူးပေါက်ခြံကို ကျည်ထိသွားတယ်။ နေပြည်တော်ဆေးရုံကိုပို့လိုက်တယ်ကြားတယ်”ဟု ကျောက်ပန်းတောင်းမြို့ခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

Home Tea Shop လက်ဖက်ရည်ဆိုင်အတွင်းမြို့ရှိ ရဲတပ်ဖွဲ့ နှင့်လဝကဝန်ထမ်းများအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိအချို့ စုဝေးထိုင်နေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးက သေနတ်ပစ်ခတ်နည်း သင်ပေးခြင်းဟု မျက်မြင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အဲဒီဆိုင်မှာ သူတို့ ခဏခဏထိုင်တယ်။အခုဖြစ်ရပ်ကတော့ ပြည်သူ့ကျိန်စာသင့်တာ။ဒီထက်လည်း ဆိုးအုံးမှာ “ဟုမြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီက စစ်အုပ်စု​ထောက်ခံသူများ ၊ စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများကို လက်နက်တရားဝင်ကိုင်​ဆောင်နိုင်ရန် ၂၀၂၃ ဇန်နဝါရီ လကုန်ပိုင်းတွင် “လက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်မူ” ကိုပြင်ဆင်ပြဌာန်း၍ စစ်သား၊ရဲနှင့်ပျူ​စောထီးများအင်အားနည်းပါးလာမှုကိုဖြည့်တင်းနိုင်ရန်ကြံစည်လုပ်​ဆောင်ခဲ့သည်။

ထို​ကြောင့် စစ်​ကောင်စီ၏ အကြံအစည်အတိုင်း လက်နက်ကိုင်​ဆောင်၍ ​တော်လှန်​ရေးအင်အားစုများနှင့်ပြည်သူကိုဖိနှိပ်ရန် ကြိုးစားပါက အနာဂတ်တွင် စစ်​ကောင်စီနှင့် တန်းတူအ​ရေးယူအပစ်​ပေးခံရနိုင်​ကြောင်း​တော်လှန်​ရေးအင်အားစုများကသတိ​ပေးထားသည်။

“လတ်တလောတော့စစ်သားသစ်စုမရလို့ ကိုယ့်စားရိတ်နဲ့ကိုယ်စစ်မှုလာထမ်းခိုင်းမှာအရင်။စစ်သားသစ်က အရာရှိတွေလုဝယ်ရောင်းနေရတဲ့ဈေးကွက်ပဲ။လွယ်တယ်ထင်နေသူတွေကိုသတိတော့ပေးချင်တယ်စစ်ကောင်စီ ‘ဟ’ ပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့ “ဟု ၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင်ဦးမင်းကိုနိုင်ကလည်းသတိ​ပေးထားသည်။

CNF/ CNA ​ပြော​ရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်းစစ်​ကောင်စီ၏ အဆိုပါလုပ်ရပ်နှင့်ပတ်သပ်၍ ​အောက်ပါအတိုင်း​ပြောသည်။

“ဝမ်းနည်းစရာကောင်းတာက သူ့အပြင် သူ့ကို ထောက်ခံနေတဲ့ သူ့ရဲ့ဝန်ထမ်းတွေ Non CDM တွေကို တစ်ဖက်လှည့်နဲ့ လက်နက်ကိုင်ခိုင်းတာပဲ။ နောက်ဆုံး စစ်ကောင်စီရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ လုံခြုံရေးကအစ သူတို့ကို တာဝန်ပေးထားတာ တနည်းအားဖြင့် အဲဒီလိုပြောလို့ရပါတယ်။ အဲဒါ အင်မတန်မှ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်လိုပဲ သူလုပ်နေလုပ်နေ အဲဒါ ဘယ်လိုမှ လက်တွေ့မကျပါဘူး။ ဘာလို့လဲဆို လက်နက်ကိုင်တယ်ဆိုတာ စစ်သင်တန်းတက်ရတယ်။ ဒါပေမဲ့ အရပ်သားပြည်သူတွေရဲ့ အားကို၊ အသက်ကို အဲဒီလို အလွဲသုံးစားလုပ်ပြီးတော့ အဲဒီလို လုပ်နေတာက အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့( ဖေဖော်ဝါရီလ ၁၇ရက်)ညက လျှပ်စစ်ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူမသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

ခုနှစ်ပေခန့်ရှည်ပြီး သစ်သားဖြင့်လုပ်ထားသည့် အပေါက် ခြောက်ပေါက်ပါ ထိပ်တုံး (​ခေါ်) ခြောက်ပေါက်တွင် သေနတ် နှစ်လက် ထိပ်တုံးမိျနသည်။ ရဲ​ဘော် ၂ ဦးကသေနတ် ၂ လက်ကိုသက်ရှိများအလား ထိပ်တုံးခတ်လိုက်ခြင်းဖြစ်၏ ။

သတင်း

အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။