Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းတွင် PDF ရဲဘော်နှစ်ဦးကို ဝိုင်းဝန်းပိတ်ဆို့သည့် စစ်ကောင်စီတပ်အရာခံဗိုလ်အပါအဝင် ​လေးဦးသေ

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်း

▪️ပိတ်ဆို့ခံရသည့် ရဲဘော်နှစ်ဦးကို သွားကယ်သည့် PDF ရဲဘော်များအနက်တစ်ဦးကျဆုံး

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံး အရင်းဖြင့် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ်မှ အင်ဂျင်နီယာ အရာခံဗိုလ် တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန် သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF ရဲဘော် နှစ်ဦးအနက်မှ တစ်ဦးမှာ သေနတ်ဒဏ်ရာ ၂ချက်ရရှိခဲ့၍ အနီးပတ်ဝန်းကျင်တောတွင်း၌ ပုန်းခိုနေခဲ့ရကြောင်း၊ ပုန်းခိုနေသည့် တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေခဲ့ရာ PDF ရဲဘော်​လေးဦးသည် စစ်ကောင်စီတပ်စွဲရာ ပြည်သာယာရွာအနီး သွားရောက်၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန်
ကျောက်ပန်းတောင်း PDFက သတင်းထုတ်ပြန်

အင်အား ၂၀ခန့်ရှိသည့် စစ်ကောင်စီတပ်ကို မောင်းပြန် ရိုင်ဖယ်တစ်လက် ၊ လက်ပစ်ဗုံး ၂လုံးတို့ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ​လေးဦး ဒဏ်ရာရရှိသကဲ့သို့ သွားရောက်ကယ်ဆယ်သည့် အသက် ၁၉နှစ်အရွယ် ရဲဘော် ရဲထက် ရင်ဘက်ကျည်ထိမှန် ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဲဘော်သည် ကျောက်ဆည်မြို့နယ်တွင် နေထိုင်သူ ဖြစ်ပြီး ကျဆုံးရဲဘော် ရဲထက်အား တောတွင်း တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း၊ ကျဆုံးရဲဘော်အား ကျောင်းပန်းတောင်း မြို့နယ်တော်လှန်ရေးအင်အားစု အားလုံးက အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုအလေးပြုကြောင်း ဖော်ပြထားသည်။

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။