Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်အုပ်စုအား ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်ထားစဥ် ပြည်သူများရောက်လာ၍ စစ်ဆင်ရေးဖျက်သိမ်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။

ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD
ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် စစ်ကောင်စီတပ်အား ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားစဥ် ပြည်သူများဖြတ်လာ၍ စစ်ဆင်ရေးဖျက်သိမ်းခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။

စစ်​ကောင်စီတပ်သားသုံးဦး စခန်းမှထွက်လာချိန်ဖောက်ခွဲတိုက်ခိုက်တော့မည့်အချိန်တွင် စစ်သားနှင့်အတူ အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနှင့် ပြည်သူ့ကားတစ်စီး ကပ်လာ၍ ပြည်သူအားငဲ့ညှာကာ ဖောက်ခွဲမှုမပြုခဲ့ကြောင်း PAFD ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD
ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD

ထပ်မံစောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ်ကသိရှိသွားပြီး မိုင်းရှင်းအင်ဂျင်နီယာများရောက်ရှိလာကာ ဖောက်ခွဲလိုက်သောကြောင့် တော်လှန်ရေးရဲဘော်များဆုတ်ခွာခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“တကယ်တမ်း ထိထိမိမိထိရမယ့်ဟာကို။ အဲဒီနားလေးတွေဆောင်ရွက်ရတာကလည်း တော်တော် ကိုအရဲစွန့်ပြီး လုပ်ရတာ။ မလွယ်ဘူး။ ပြည်သူတွေကမဆင်မခြင်သွားလာကြတဲ့အခါ ကျွန်တော်တို့က လုပ်ရကိုင်ရခက်တာပေါ့”ဟု PAFD ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်နောင်တွင် စစ်ကောင်စီနောက်လိုက်များရှိရာနေရာများသို့ သွားလာခြင်းရှောင်ရှားကြပါရ န်ပြည်သူများအား မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU). People’s Knight Defense Force Myinmu (PKDF.MMU).မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF).D.B.B.F.MMUမဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မြင်းမူမြို့ပေါ်တွင်ပါ ပစ်ခတ် သတ်ဖြတ်မှုများပြုလုပ်နေပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ် ပြည်သူနှစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။