Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ရှိ စစ်ကောင်စီစခန်း စီးနင်းတိုက်ခိုက်

ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နံနက် ၁နာရီက ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစခန်းမှာ စစ်ကိုင်း – မုံရွာလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာ၌ အထိုင်ချထားကြောင်း ၎င်းက ဆိုသည်။

(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)
(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး လက်နက်နှစ်လက်နှင့်ကျည်ဆံများရဟု Zero ပြောက်ကျားတပ်ဦးဆောင်သူ ပြော

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စစ်ကောင်စီစခန်း စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး လက်နက်နှစ်လက်နှင့် ကျည်ဆံများရရှိကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇)- Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူ ကိုသက်ကြီးက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နံနက် ၁နာရီက ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစခန်းမှာ စစ်ကိုင်း – မုံရွာလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာ၌ အထိုင်ချထားကြောင်း ၎င်းက ဆိုသည်။

(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)
(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)

“အဲဒီစခန်းမှာက အင်အား ၄၀လောက်ရှိတာ။ကျွန် တော်တို့တွေ မနက် ၃နာရီမှာ သိမ်းနိုင်ခဲ့တယ်။စခန်းကို မီးရှို့လိုက်ပြီ”ဟု ကိုသက်ကြီးက ရှင်းပြသည်။

ထီးဆောင်ရွာစစ်စခန်းကို Zeroပြောက်ကျားတပ်ဖွဲ့ – တပ်ရင်း(၇)မြင်းခြံခရိုင်၊ တပ်ရင်း(၁၉) ရွှေဘိုခရိုင်၊ တပ်ရင်း(၂) စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂)GTR(မြင်းမူ)နှင့် တပ်ရင်း(၁)ကျောက်ဆည်ခရိုင် – နဂါးနီ(ကျောက်ဆည်)တို့ ပူးပေါင်းပြီး တပ်ရင်း(၄)ရင်း မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖြစ် စခန်းသိမ်းတိုက်နိုင်ခဲ့ခြင်းဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)
(ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်)

တိုက်ပွဲအတွင်း MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ၅•၅၆ကျည်(၁၈)တောင့်၊ Carbone တစ်လက်၊ကျည် ဘောက်(၃)ခု၊ ကာဘိုင်ကျည် (၁၀၄)တောင့်၊ 9 ball (ကိုးလုံးကျည်)(၇၆)တောင့်၊ Jummerစက် (၂)လုံး၊ ကျည်ကာအကျီ (၁)ထည်၊ စစ်ယူနီဖောင်း(၂)စုံ၊ စစ်ဖိနပ်(၃)ရံနှင့် စစ်ဦးထုပ်(၃)လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook